Monday, July 13, 2009

ယောက်ကျာင်္းလေးလား ၊ မိန်းကလေးလား (ဆန်းကြယ်ပေစွ မနုဿလောက)

ဒီအဖြစ်အပျက်လေးကတော့ ကျွန်တော်တို့ မော်စကိုမြို့ ၊ အမှတ် ( ၇ ) ကလေးဆေးရုံကြီးက အဖြစ်အပျက်လေးတစ်ခုပါ ။ ရှားပါးတဲ့ အဖြစ်အပျက်လေးလည်းဖြစ်သလို ၊ စိတ်ဝင်စားဖို့လည်းကောင်းလို့ ပြန်လည်တင်ပြပေးလိုက်ပါတယ်။ မွေးကင်းစကလေးတစ်ယောက်ပါ ။ အခုဆိုရင် မိခင်ဝမ်းထဲက လွတ်မြောက်လာတာ ၂ ပါတ်ပဲရှိပါသေးတယ် ။ လောကကြီးထဲကို စတင်ရောက်ရှိလာချိန်မှာပဲ သူ့ကိုလောကကြီးထဲက ပြန်လည်ခေါ်ထုတ်သွားမယ့် ရောဂါတွေကိုပါ ယူဆောင်လာပါတယ် ။ စက်တင်ဘာလ ၃ ရက်နေ့မှာ မွေးဖွားပါတယ် ။ မွေးကာစကာလမှာ ကျန်းမာတဲ့ ကလေးတစ်ယောက်အသွင်နဲ့ မွေးဖွားလာခဲ့ပေမယ့် စက်တင်ဘာလ ၅ ရက် ( အသက် ၂ ရက်သား ) မှာပဲ မွေးကင်းစကလေးဌာနရဲ့ ရေးပေါ်ကုသခန်းကို လွဲပြောင်းရောက်ရှိလာပါတယ် ။ ကလေးဟာ မကြာခဏအော့အန်နေပြီး ၊ ခန္ဓာကိုယ်တွင်းက အရည်ဓါတ်ဆုံရှုံးတဲ့ လက္ခဏာတွေနဲ့ ရောက်ရှိလာတာဖြစ်ပါတယ် ။ ကလေးကို စမ်းသပ်ကြည့်လိုက်တဲ့အခါမှာတော့ .......
ယောက်ကျားလေးလား ၊ မိန်းကလေးလားလို့ ဆုံးဖြတ်ရခက်လောက်အောင်ဖြစ်ခဲ့ရပါတယ် ။ ဒီဓါတ်ပုံလေးတွေကိုကြည့်ပြီး ဆုံးဖြတ်ပေးကြပါဦး ။

အပြင်ပိုင်း ခန္ဓာကိုယ်ဖွဲ့စည်းမှုကိုကြည့်ပြီး ယောက်ကျားလေးလို့ လူတိုင်းပြောကြမှာပါ ။ မဟုတ်ပါဘူး ။ တကယ်တော့ ဒီကလေးဟာ မိန်းကလေးတစ်ယောက်ပါ ။ သူ့မှာ ပါလာတဲ့ မွေးရာပါရောဂါတစ်ခုကြောာင့် လိင်င်္ဂါတွေဟာ ယောက်ကျားလေးတစ်ယောက်လိုဖြစ်နေတာပါ ။ ခန္ဓာကိုယ်အတွင်းပိုင်း အင်္ဂါတွေကတော့ မိန်းကလေးတစ်ယောက်ရဲ့ အင်္ဂါ အစိတ်အပိုင်းတွေဖြစ်ပါတယ် ။ ဒီရောဂါကို Congenital Adrenal Hyperplasia ( CAH ) or Adrenogenital Syndrome လို့ခေါ်ပါတယ် ။
CAH ဆိုတာဘာလဲ
ကျွန်တော်တို့ လူ့ခန္ဓာကိုယ် ကြီးထွားရှင်သန်ဖို့အတွက် မရှိမဖြစ်လိုအပ်နေတာကတော့ စတီးရွိုက်ဟော်မုန်း ( steroid hormone ) ဓါတ်ပဲဖြစ်ပါတယ် ။ ဒီဟော်မုန်းဟာ ကိုလက်စရောဓါတ်ကနေမှ အဆင့်ဆင့်ပြောင်းလဲလာခြင်းဖြစ်ပါတယ် ။ အဲဒီလိုပြောင်းလဲဖို့အတွက် အင်ဇိုင်း ( enzyme ) တွေက ကူညီပေးကြပါတယ် ။ အဲဒီလိုအဆင့်ဆင့်ပြောင်းလဲလို့ဖြစ်လာတဲ့ steroid hormone တွေမှာ ကော်တီဇောဟော်မုန်း ( cortisol ) ၊ ကျား၊ မဟော်မုန်း ( sex hormone ) တွေပါပါတယ် ။ ဒီဟော်မုန်းတွေကို ခန္ဓကိုယ်ထဲမှာရှိတဲ့ Adrenal Gland ကနေထုတ်ပေးပါတယ် ။

ဟော်မုန်းပြောင်းလဲပုံအဆင့်ဆင့်

Adrenal Gland
CAH ဖြစ်ရတဲ့ အကြာင်းအရင်းကတော့ ခန္ဓာကိုယ်ထဲမှာ ကော်တီဇောဟော်မုန်းတွေနည်းနေတာပါ ။ ကိုလက်စရောကနေ အဆင့်ဆင့်ပြောင်းလဲမှုမှာ လိုအပ်ချက်တွေရှိရင်ပဲဖြစ်ဖြစ် ၊ ပြောင်းလဲဖို့ကူညီပေးတဲ့ အင်ဇိုင်းတွေ မလုံလောက်ရင်ပဲဖြစ်ဖြစ် ကော်တီဇောဓါတ်တွေနည်းသွားပါတယ် ။ အဲဒီလိုနည်းသွားတဲ့အခါမှာ ဦးနှောက်ထဲမှာရှိတဲ့ ပစ်ကျူတရီဂလင်း ( pituitary gland ) သည် ကော်တီဇောဟော်မုန်းကို ပုံမှန်လိုအပ်တဲ့ ပမာဏရလာအောင် လှုံဆော်ပေးပါတယ် ။ အဲဒီအခါမှာ Adrenal Gland ဟာ သာမန်ထက်ပိုပြီးအလုပ်လုပ်ရသလို ဟော်မုန်းတွေကိုလည်း များများပိုထုတ်ပေးရပါတယ် ။ အဲဒီဟော်မုန်းတွေထဲက ဟော်မုန်းတစ်မျိုးဟာ ယောက်ကျားဟော်မုန်း ( testosterone ) ကဲ့သို့ကျိုးသက်ရောက်မှုရှိပါတယ် ။ ဒါကြောင့် မွေးလာတဲ့ ကလေးငယ်တွေဟာ ကျားဟော်မုန်းဓါတ်ရဲ့ အကျိုးသက်ရောက်မှုကြောင့် ယောက်ကျားလေးတွေမှာ ယောကျာ်းလေး လိင်အင်္ဂါတွေပိုမိုထင်ရှားလာသလို ၊ မိန်းကလေးတွေမှာဆိုရင်လည်း ယောက်ကျားလေးတစ်ယောက်ရဲ့ လက္ခဏာတွေပိုင်ဆိုင်လာပါတယ် ။

လက္ခဏာများ
မိန်းကလေးရဲ့ ( clitoris ) ဟာ ယောက်ကျားလေးရဲ့ လိင်တံ ( penis ) ကဲ့သို့ ကြီးထွားလာပါတယ် ။ ယောနိလမ်းကြောင်းအ၀မှာရှိတဲ့ ( Labium) တွေဟာ အတူတကွပူးပေါင်းသွားပြီး ယောက်ကျား ကပ္ပါယ်အိတ် ( scrotum ) ကဲ့သို့ဖြစ်သွားပါတယ် ။

CAH
ခန္ဓာကိုယ်အတွင်းပိုင်းမှာရှိတဲ့ မအင်္ဂါများ ( uterus ၊ fallopian tubes ၊ overies ) တွေကတော့ သာမန်အတိုင်းပဲပါရှိပါတယ် ။ ဒီကလေးတွေကြီးထွားလာမယ်ဆိုရင်တော့ ခွဲစိတ်ကုသမှုတွေလိုအပ်လာနိုင်ပါတယ် ။

အန္ခရာယ်ရှိပါသလား
ဒီကလေးတွေမှာ ခန္ဓာကိုယ်ရဲ့ အရည်ဓါတ်ကို ထိန်းသိမ်းပေးနိုင်စွမ်းအားပါနည်းတဲ့ အတွက် အရည်ဆုံးရှုံးမှုများပါတယ် ။ ဒါတွေဟာ ခန္ဓာကိုယ်ရဲ့ နှလုံးနဲ့ သွေးလည်ပတ်မှုကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ် ။ အချိန်မီမသိရှိလျှင် ၊ ထိရောက်တဲ့ ကုသမှုတွေမပေးနိုင်ဘူးဆိုရင် အသက်ဆုံးရှုံးမှုများဖြစ်တတ်ပါတယ် ။

ဘယ်လိုကာကွယ်မလဲ
ဒီလိုကလေးမျိုးမွေးထားတဲ့ မိဘတွေကို နောက်တစ်ခါ ကလေးမယူခင်မှာ ကျန်းမာရေးအသိပညာပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ် ။

ဒီလိုအဖြစ်အပျက်လေးတွေဟာ ရှားပါးသလို ၊ စိတ်ဝင်စားဖို့လဲကောင်းပါတယ် ။
အားလုံးပဲကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ် ။ လေးစားစွာဖြင့်....


ဒီကရတာပါ

No comments:

Post a Comment


I made this widget at MyFlashFetish.com.

Followers