Download From Mediafire (EZ Photo Calendar Creator Plus v907)
Download From ifile (EZ Photo Calendar Creator Plus v907)
ဇွန်း၊ခရင်း ပုံပြထားတာမြင်ရင် စားသောက်ဆိုင်ကို ပြောတာမှန်း လူမျိုးတိုင်း သိပါတယ်။ အခုလည်း Enter Pin Code ဆိုတာကို နှိပ်ပြပြီး၊ code တွေထည့်ပြထားတဲ့ ပုံနှစ်ပုံကို မြင်တာနဲ့ အလိုလိုသိမှာပါ။ (အရမ်းအသေးစိတ်တွေ ရေးလွန်းရင် စာဖတ်သူရဲ့ IQ ကို အထင်သေးရာရောက်သွားမယ်) ကျနော် နောက်ပိုင်း အဲဒါမျိုးတွေကြောင့် အရေးအသားတွေကို ချုံ့ချင်တာပါ။ နောက်ပြီး serial code တွေ ပေးထားရင် ဘယ်လိုထည့်ရတယ်၊ ဘယ်နေရာ နှိပ်ရတယ်ဆိုတာတွေက မပြောလဲ လုပ်တတ်မယ်လို့ကို ကျနော်ထင်ပါတယ်။
ကြိုက်တဲ့ ဒီဇိုင်းတစ်ခုတော့ ရွေးပေးရမယ်လေ။ စားပွဲတင်လား၊ နံရံကပ်လား ဘာညာပေါ့။ Create နှိပ်လိုက်ရင် နာမည်ပေးခိုင်းလိမ့်မယ်။ ဒီ project အတွက်ပေါ့။
နောက်ခံပုံထည့်ဖို့က Drag ဆွဲပြီးပဲဖြစ်ဖြစ်၊ အဲဒီနေရာကို click လုပ်ပြီးတော့ပဲ ဖြစ်ဖြစ် ထည့်ပေးလို့ရတယ်။
ကျန်တာတွေကတော့ ရှာကြံပြီး ကလိလိုက်တော့။ လွယ်ပါတယ် ...
Preview ကို နှိပ်ပြီး မိမိ printer နဲ့ ထုတ်နိုင်သလို၊ pdf အဖြစ်နဲ့ သယ်သွားပြီး ဆိုင်မှာသွားထုတ်ခိုင်းလို့လည်းရပါတယ်။
ဖြစ်သလိုလုပ်ထားလိုက်တဲ့ ပြက္ခဒိန် ဥပမာလေးပါ။ ကျနော် စာရေးလို့ရရုံ အလွယ်လုပ်ထားတာပါ။ ကျနော်လုပ်တာထက် အများကြီးသာအောင် လုပ်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။
ကိုသံလုံငယ် ဘလော့ကပါ။
No comments:
Post a Comment