Saturday, July 18, 2009

Nyotaimori ခေါ် Body Sushi



Hadaka ဆိုတာ ဂျပန်လို ၀တ်လစ်စလစ် လို. အဓိပ္ပာယ်ရပါတယ်။ အမေရိကန် နိုင်ငံ လော့အိန်ဂျလိ က Hadaka Sushi ဆိုင်မှာ Nyotaimori ခေါ် Body Sushi ဆိုသည်မှာ ဆာရှိမိ ၊ ဆူရှီ စတာတွေကို ၀တ်လစ်စလစ် အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်တွင် ခင်ကျင်းထားပြီး စားသောက်တဲ့ ဓလေ့ ပါ။ ဆူရှီ အစားအစား သက်သက်မဟုတ်ပဲ Model အမျိုးသမီး၏ အလှအပ နဲ. ဆူရှီရဲ. အလွန်သိမ်မွေ.သောအရသာ ပါပေါင်းစပ် ထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။


အစားအသောက်များ Model အမျိုးသမီး၏ ခန္ဓာကိုယ်နဲ. ထိတွေ.ခြင်း မရှိ ငှက်ပျောရွက်ဖြင့် ခင်းကျင်းထားတာဖြစ်ပါတယ်။ ဧည့်သည်များ အနေနဲ. အမျိုးသမီး သို. အမျိုးသား Model ဆိုပြီး ရွေးချယ်လို.ရပါတယ်။

ဈေးနုန်း တွေကတော့

- ၁၂ယောက် ၀ိုင်းအတွက် (၁ယောက်လျှင် $120)

- ၁၀ ယောက် ၀ိုင်းအတွက် (၁ယောက်လျှင် $145)

- ၈ ယောက် ၀ိုင်းအတွက် (၁ယောက်လျှင် $180)

- ၆ ယောက် ၀ိုင်းအတွက် (၁ယောက်လျှင် $225)

- ၄ ယောက် ၀ိုင်းအတွက် (၁ယောက်လျှင် $360)

- ၂ ယောက် ၀ိုင်းအတွက် (၁ယောက်လျှင် $650)

၂၀၀၉မှာရောဂါတွေဆန်းဆန်းပြားပြားတွေကလဲပေါ် လူတွေကလဲရောဂါကာကွယ်ဖိုအမျိုးအမျိုးထွင်ရုံမက ဆန်းဆန်းပြားပြားတောင်လုပ်လိုက်သေး










Gtalk အလိုအလျောက်ပြန်လည်ဖြေကြားစနစ် !

သူငယ်ချင်းတို့ရေ.........
Gtalk အတွက် Auto Answering System လုပ်လို့ရပါပြီ။ Service မှာ Beta ဖြစ်သည်။
Gtalk အပြင် MSN, ICQ, AIM, YAHOO, My Space အစရှိတဲ့ Instant Messenger တွေအတွက်ပါပြုလုပ်နိုင်ပါတယ်။
လုပ်ပုံအဆင့်ဆင့်ကဒီလိုပါ...
1. အရင်ဆုံး ဒီ Link ကိုသွားလိုက်ပါ။
(ဒီ link ,, http://answer.im/setup ကို သွားပါ။)
2. ထို Website သို့ရောက်ရှိပါက အသုံးပြုလိုသော IM Service တစ်ခုကိုရွေးရန်ဖြစ်ပါသည်။
Gtalk တွင်ပြုလုပ်လိုပါက Gtalk ကိုရွေးရန်ဖြစ်ပါသည်။
3. Gtalk Password နှင့် User Name ကိုသုံး၍ဝင်ရန်ဖြစ်သည်။ (Note: @gmail.com @googlemail.com ထည့်ရမည်။)
4. ကိုလိုချင်တဲ့ Online Status နှင့် Reply လုပ်စေချင်တဲ့ Message တို့ကိုရိုက်ရမည်။ ထို့နောက် Authorise people ကို အမှန်ခြစ်ပေးပါ။ အားလုံးပြီးပါက Save Changes ကို Click လုပ်ပါ။
5. "Changes Saved. Your Answer Machine is setup. You May Exit Now." ဟုပေါ်လာပါက
General, Messages, Notifications, Contacts, တို့၏ဘေးတွင်ရှိသော "EXIT" ကို Click လုပ်ပါ။
အားလုံးပြီးသွားပါပြီ။ ကို့သူငယ်ချင်းတွေခေါ်ပြီဆိုတာနဲ့ သူက auto reply လုပ်ပေးပါလိမ့်မယ်။
ကိုမရှိတဲ့အချိန်မှာ ပြောထားသမျှကို ပြန်ကြည့်ချင်တယ်ဆိုရင်တော့
"Click here to return to the home page" ဆိုတဲ့ စာမှ "here" ကို Click လုပ်ပါ။
ပြီးရင် အဆင့် ၃ အတိုင်းပြန်လုပ်ပါ။ ပေါ်လာတဲ့ Page မှ "Messages" ကို Click လုပ်ပါ။
ဒါဆိုရပါပြီ။ စမ်းကြည့်ကြပါအုံး။

http://yp1357.ning.com မှ ကူးယူဖော်ပြပါသည်။

ပြုံးတုံးတုံး ဟာသတိုလေးများ

> မကန်ရင် မကြည့်နဲ့လေ
> ကျွန်မက ဧည့်ခန်းအတွင်း ဆိုဖာရှည်ပေါ်တွင် ခြေပစ်လက်ပစ် လဲလျောင်း၍ TVမှ
> ကျွန်မ၏အကြိုက် အစားအသောက်ချက်ပြုတ်နည်း Food Network အစီအစဉ်ကို
> ကြည့်နေစဉ် ကျွန်မ၏ ခင်ပွန်း ၀င်လာသည်။
> သူကမေးသည်။
> “မင်း ဘာကြောင့် ဒီအစားအသောက် ရှိုးပွဲကို ကြည့်နေတာလဲ။ မင်းက အိမ်မှာ
> ချက်တာပြုတ်တာလဲ မရှိဘဲနဲ့”
> ကျွန်မက သူ့ကို စူးစူးရဲရဲကြည့်၍ ပြန်မေးပေးလိုက်သည်။
> “ဒီလိုဆို ရှင်ကကော ဘာလို့ ဘောလုံးပွဲ ကြည့်တာလဲ”
>
> ဘာကိုချစ်တာလဲ
> ကျွန်မနှင့် ခင်ပွန်းသည်တို့ အပြင်ထွက်၍ ညစာစားကြစဉ် သူကပြုံးလိုက်ရင်း
> ပြောသည်။
> “ဒီမီးရောင်တွေ အောက်မှာ မင်းက အတော်လှတာပဲကွ”
> ထိုစကားကြောင့် ကျွန်မသူ့ကို ချစ်သည့်စိတ်များနိုးကြားလာေ
> နစဉ် သူက ဆက်ပြောသည်။
> “ငါတို့လည်း ဒီလို မီးချောင်းတွေ တချို့လောက် ၀ယ်ကြရအောင်”
>
> ပြောခွင့်မရှိသူ
> ကား အက်ဆီးဒင့် ဖြစ်သည်ဆို၍ ထိုနေရာသို့ ရဲအရာရှိတစ်ဦး ရောက်လာရာ
> သစ်ပင်ကို တည့်တည့်ဝင်အောင်းမိ၍ ကြေမွနေသော ကားတစ်စီးကိုတွေ့ရသည်။
> ရဲအရာရှိက အမြန်ပြေးသွားပြီး ဒရိုင်ဘာကို မေးသည်။
> “ခင်ဗျား ပြင်းပြင်းထန်ထန်ထိခိုက် သွားသား”
> ဒရိုင်ဘာက တုံ့ပြန်သည်။
> “ကျွန်တော် ဘယ်လိုလုပ်သိမှာလဲ၊ ကျွန်တော်က ရှေ့နေမှ မဟုတ်တာ”
>
> လေကြီးလေကျယ်
> စားသောက်ဆိုင်ကလေးထဲတွင် အရက်ဘား၌ လူတစ်ယောက် မတ်တပ်ရပ်၍
> အသံကျယ်ကျယ်လောင်လောင်နှင့် ပြောဆိုနေသည်။
> “ကျုပ်ဟာ အဂ`်လိပ်လူမျိုးအစြ် မွေးဖွားလာခဲ့တယ်၊ အင်္ဂလိပ် လူမျိုးအဖြစ်
> အသက်ရှင် နေထိုင်နေတယ်၊ ပြီးတော့လဲ အဂ`်လိပ်လူမျိုးတစ်ယောက်အနေနဲ့ပဲ
> သေသွားဖို့မျှော်လင့်ပါတယ်။”
> ထိုအခါ ဆိုင်ထောင့်တွင် ထိုင်နေသော စကော့လူမျိုး တစ်ဦးက မေးမြန်းလိုက်ပုံမှာ-
> “ခင်ဗျားမှာ တခြားဘာရည်မှန်းချက်မှ မရှိတော့ဘူးလား” ဟူ၏ ။
>
> အလုပ်ဖြစ်တာလိုရင်း
> ဆူပါမားကက်အတွင်း ကျွန်မသုံးသော ဈေးဝယ်လက်တွန်းလှည်းက နားမခံသာအောင်
> အသံထွက်နေသည်။
> ထိုသို့ ဖြစ်သော်လည်း ကျွန်မက ဈေးကို ပြီးအောင်ဝယ်သည်။ ထို့နောက်
> လက်တွန်းလှည်းမရှိဖြစ်နေသော ဈေးဝယ်သူအမျိုးသမီးအား ကမ်းပေးရင်း
> ရှင်းပြသည်။
> “နားမခံနိုင်အောင် အသံထွက်နေတယ်နော် ဒါပေမဲ့အလုပ်တော့ ဖြစ်ပါတယ်”
> သူက လက်တွန်းလှည်းကို လှမ်းယူရင်း ပြန်ပြောသည်။
> “ဒါဆို အိုကေပါ၊ ကျွန်မအိမ်က ယောက်ျားလဲ ဒီလိုပါပဲ”
>
> သူနဲ့ တန်တဲ့နေရာ
> ရုပ်ရှင် သရုပ်ဆောင်ဖြစ်ရင် အိမ်မက်မက်နေသူတစ်ဦးကို ကျွန်မသိသည်။
> သူကထိုဘက်တွင် တော်သူမဟုတ်ပါ။
> သူအမူအရာအမျိုးမျိုးလုပ်ပြရာ Crime Watch ဇာတ်ကားတွင် ထည့်သုံးရန်
> အစမ်းသရုပ်ဆောင်ခိုင်းခံရသည်။
> သူ၏ဇာတ်ကောင်နေရာမှာ “ ဖြတ်လျှောက် နံပါတ် ၂ ” ဖြစ်သည်။
>
> လူကောင်းလေးပါ
> ဆယ်ကျော်သက် မိန်းကလေးတစ်ဦးက သူ့ရည်းစားအသစ်ကို မိဘများနှင့် တွေ့ပေးရန်
> အိမ်သို့ခေါ်လာသည်။
> မိဘများက သူငယ်၏ ဆံပင်ပုံစံ၊ ထိုးကွင်းမှင်ကြောင်များနှင့် အသားကို
> ဖောက်တပ်ထားသော အလှဆင် ပစ္စည်းများကြောင့် မနှစ်မြို့ပေ။
> နောက်မှ မိန်းကလေး၏ မိခင်က သမီးဖြစ်သူကိုပြောသည်။
> “သူက သိပ်ကောင်းတဲ့ သူငယ်လေးတော့ ဟုတ်ဟန်မတူပါဘူး သမီးရယ်”
> သမီးက ပြန်ပြောသည်။
> ”အိုး အမေကလဲ၊ သူသာ တကယ်မကောင်းလို့ရှိရင် တရားရုံးက ဒဏ်ပေးထားတဲ့
> လူမှုဝန်ထမ်းကိစ္စ နာရီ ၅၀၀ကို သူဘယ်လုပ်နေမှာလဲ၊ မဟုတ်ဘူးလား”
>
> ကမ္ဘာကြီးရဲ့ပုံစံသစ်
> ပထ၀ီဝင် ဆရာက တပည့်များအား ဤသို့ မေးလိုက်သည်။
> “ကမ္ဘာကြီးဟာ ဘယ်လို ပုံသဏ္ဌာန် ရှိသလဲတပည့်တို့”
> ”လုံးဝန်းသော ပုံသဏ္ဌာန်ရှိပါတယ် ဆရာကြီး”
> တပည့်များ တညီတညာတည်းဖြေကြသည်။ သိုးသော် တစ်ယောက်သောတပည့်မှာမူ
> ”ပြားတဲ့နေရာက ပြားပြီး၊ ဖုတဲ့နေရာက ဖုပါတယ် ဆရာကြီး”
> ”ဟေ ဘယ်နှယ်ကြောင့် ဒီလိုဖြေရတာလဲ”
> ဆရာက ထိုတပည့်အား အထူးအဆန်းသဖွယ် ကြည့်ပြီး မေးလိုက်ရာ တပည့် ဖြစ်သူက
> အကျိုးအကြောင်းနှင့် ပြန်လည်ရှင်းပြလိုက်သည်မှာ-
> ”တကယ်လို့ ကမ္ဘာကြီးးက အလုံးကြီးဆိုရင် ကျွန်တော်တို့ အားလုံး
> လမ်းလျှောက်ရင် ချော်ချော်ကျကုန်မှာပေါ့၊ တကယ်ပြားလို့ လမ်းလျှောက်လို့
> ရတာပါ၊
> ဟို ဖုတဲ့နေရာဖုတာကိုတော့ ကျွန်တော် ခဏခဏ ခလုပ်တိုက်ပြီး လဲလို့သိတာပါ ဆရာကြီး”
>
> လူကြမ်း
> ”ငါချစ်နေတဲ့ကောင်မလေးမှာ ချစ်သူရှိပြီးသား ဖြစ်နေတယ်၊ အဲဒါ
> ဘယ်လိုလုပ်ရမလဲ သူငယ်ချင်း”
> ”အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူးဆိုတဲ့ စကားအရ မင်းဘက်ပါလာအောင်
> အချစ်လူကြမ်းကြီး လုပ်ပစ်လိုက်”
> ”ဖြစ်ပါ့မလား၊ တော်ကြာ သူ့ကောင်က တွယ်ထည့်လိုက်လို့ နားကားနေပါဦးမယ်”
> ”ခံလိုက်ပေါ့၊ လူကြမ်းလုပ်ပါတယ် ဆိုနေမှ”
>
> မဖြစ်နိုင်ဘူး
> မ ။ ။ ခင်နဲ့မောင်နဲ့ ထာဝရ လက်တွဲသွားဖို့
> ကတိသစ္စာပြုကြရအောင်နော်။
> ကျား ။ ။ သိပ်ကောင်းတာပေါ့ကွာ၊ ကဲ..ခင်က ဘယ်လို သစ္စာပြုချင်သလဲ။
> မ ။ ။ ခင်ကတော့ ဟောဟို ပျံသွားတဲ့ ဗျိုင်းဖြူလေးတွေ
> ဗျိုင်းမဲဖြစ်သွားမှ မောင်နဲ့လက်တွဲဖြုတ်မယ်လို့ ကတိသစ္စာပြုပါတယ်မောင်။
> ကျား ။ ။ ဒီမှာခင်.. ခုပဲ လက်တွဲဖြုတ်ချင်ဖြုတ်လိုက်၊
> မဖြစ်နိုင်တာတွေတော့ လျှောက်မပြောနဲ့။
>
>
>
>
>
>
>
>
> ကွန်ပြူတာ ဟက်ကာတစ်ဦး၏ှ အမေးဖြေများ
>
> အမေးအဖြေ
>
> မေး ။ကွန်ပျူတာထဲမှာပါတဲ့ရမ်ဆိုတာဘာပါလဲဟင်
> ဖြေ။ကွန်ပျူတာအတွက်ရမ်ပုလင်းပါ
>
> မေး။ တဂစ်မှာဘယ်နှစ်ဘိုက်ရှိပါသလဲ
> ဖြေ ။ဂစ်လို့ အော်တဲ့ဌက်တစ်ကောင်မှာတစ်ဗိုက်ဘဲရှိပါတယ်
>
> ဆက်ဖတ်ကြည့်ရအောင်
>
> မေး ။ email ပို့ နေရင်းconnectionပြုတ်သွားတဲ့အခါဘယ်လိုလုပ်ရင်အကောင်းဆုံးပါလဲ
> ဖြေ ။
> အကောင်းဆုံးကတော့ကွန်ပျူတာပါဝါပိတ်ပြီးအိပ်ပါဆိုင်မှာဆိုရင်တော့အိမ်ပြန်ပါ
>
>
> မေး ။ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်ရင်ဖြေရှင်းပုံလေးအသေးစိတ် ပြောနိုင်မလား
> ဖြေ ။ ဟုတ်ကဲ့ရပါတယ်
>
>
> ၁။ systemပုံးကိုအရင်ဖွင့်ပါ
> ၂။ ရှိရှိသမျှ ဟတ်ဒစ်၊မားသားဘုတ်၊ရှိသမျှကတ် အကုန်ဖြုတ်ပါ။
> ၃။ပြီးရင်တော့ဆပ်ပြာမှုန့် များများနဲ့ ဖျော်ထားတဲ့ ဇလုံထဲကိုထည့်ပြီး
> Decogenနဲ့ တစ်ညစိမ်ပါ
> ၄ ။ နောက်တစ်နေ့ ကျပြန်ဆေးကြောပြီးနေပူပူမှာ လှမ်းပါ။
> ၅ ။ ခြောက်သွေ့ သွားသောအခါပစ္စည်းများကိုနေရာတကျ ပြန်တတ်ပါ
> ၆။ စက်ကိုပြန်ဖွင့်သောအခါ VIRUS မရှိတော့ကြောင်းပျော် ရွှင်ဖွယ်တွေ ရပါလိမ်
>့ မည်။
> ၇ ။ နောက်ပိုင်းသုံးရင်SYSTEM ပုံးကိုဗိုင်းရပ်စ်ထပ်မ၀င်အောင်
> နေပူထဲထားကာအသုံးပြုပါဟု
>
> မေး ။သမီးကွန်ပျူတာအရမ်းလေးနေလို့ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ် ။ ကူပါဦး
> ဖြေ ။ အရင်ဆုံးဟတ်ဒစ်(စ်)ဖြုတ်ထားလိုက်ပါ ။
> ဒါမှလေးနေရင်ပါဝါစပလိုင်းထပ်ပါဖြုတ်ထား
> လိုက်ပေါ့အရမ်းအရမ်းပေါ့သွားမယ်
>
> မေး ။ကျွှန်တော်တို့ ဘက်ကမီးမှန်ဘူး ။
> UPS ကလဲသိပ်မကောင်းတော့
> မီးပျက်ချိန်ကွန်ပျူတာမြန်မြန်ပိတ်ချင်ရင်ဘယ်လိုလုပ်ရမလဲ
> ဖြေ ။ upsနဲ ကွန်ပျူတာသွယ်တားတဲ့ပလပ်ကိုချက်ချင်းဆွဲဖြုတ်ပါ။
> ချက်ချင်းပိတ်သွားရစေမယ်
>
> မေး ။ခဏခဏ restart ကျနေတဲ့အတွက်ဖြေရှင်းပေးပါ
> ဖြေ ။ဆိုင်ပို့ လိုက်ပါ
>
> မေး။ ကျွှန်တော့်window
> ကအဖွင့်အပိတ်ကြာနေတယ်ဘယ်လိုလုပ်ရမလဲ window မှာပြသနာရှိလို့ လား
> ဖြေ။ ဟုတ်ပါတယ် window ကိုအဖွင့်အပိတ်ချောင်အောင်ပတ္တာမှာဆီနဲနဲ ထိုးပေးပါ ။
>
> ကဲဆက်ဖြေမယ်နော်
>
> မေး။အင်တာနက်သုံးဖို့ ဘာလိုအပ်ပါသလဲရှင်
> ဖြေ။ပိုက်ဆံလိုတာပေါ့သမီးရယ်ဟုတ်ဘူးလား
>
> မေး။သမီးပို လိုက်တဲ့အီးမေးဟိုဘက်ရောက်မရောက်ဘယ်လိုသိနိုင်မလဲ
> ဖြေ ။ဖုံးဆက်ပြီးမေးကြည့်ပါ။
>
> မေး။အီးမေးတွေထဲကစာတွေမှာဗိုင်းရပ်စ်ပါမပါဘယ်လိုသိနိုင်မလဲ
> ဖြေ။အဲ့ဒီအီးမေးကိုဖွင့်ကြည့်ပါ-သင့်စက်ထဲဗိုင်းရပ်စ်ဝင်လို
>့ ရှိရင်ဗိုင်းရပ်စ် ပါလို့ ပေါ့ကွယ်



> ချစ်သူ..............

> (အမည်မသိ စာဆို)


> [?]မြန်မာပြည်မာ H5N1 ဖြစ်တုန်းက
>
> ငါဟာမကြောက်ရွံခဲ့ပါဘူး ။ ။
>
> ကြက်သားကိုရှောင် ဆေးစစ်အောင်ခဲ့ပါတယ် ချစ်သူ..................
>
>
>
> [?]ဘတ်(စ်)ကားခတွေဈေးတက်လို့ လည်း
>
> စိတ်မပျက်ခဲ့ပါဘူး ။ ။
>
> တက်ပြီးပြန်မကျ ဘတ်(စ်)ကားခဆိုပြီး
>
> နှလုံးသွင်းနိုင်ခဲ့ပါတယ် ချစ်သူ.............
>
>
>
> [?]gtalk banned ခံရလို့ လည်း
>
> နောက်မဆုတ်ခဲ့ပါဘူး ။ ။
>
> ကွေ့ ပတ်ရှောင်ရှား freedom အားနဲ့ 
>
> chatting စွမ်းအားတက်စေခဲ့ပါတယ် ချစ်သူ................
>
>
>
> [?]chatting အမျိုးမျိုးနဲ့ 
>
> နေ့ မအားညမအား အလုပ်များနေတဲ့နင့်ကို
>
> ဘ၀တူဆိုတဲ့ခံစားချက်နဲ့ 
>
> လျစ်လျူရှုနိုင်ခဲ့ပါတယ် ချစ်သူ.......................
>
>
>
> [?]နင် online မှာရှိနေမယ်ဆို
>
> power တွေတက်ခါးတွေမျက်နေလည်း
>
> အငတ်ငတ်အပြတ်ပြတ်နဲ့ 
>
> ဆက် chat နေပါ့မယ် ချစ်သူ.....................
>
>
>
> [?]မ chat ရင် မနေနိုင်တာကလွဲလို့ 
>
> မကောင်းမှုဟူသမျှအကုန်လုပ်တတ်တဲ့ငါ့ကို
>
> နင့်ရဲ့ဘ၀ထဲက
>
> ဆွဲမထုတ်လိုက်ပါနဲ့ ချစ်သူ..............
>
>
>
> [?]chatting thesis နဲ့  Internet course မှာ
>
> solid distinction ရခဲ့တဲ့ နင်ရဲ့ကျွမ်းကျင်မှုကို
>
> account အမျိုးမျိုးနဲ့ စမ်သပ်ခဲ့မိတဲ့ ငါ့ရဲ့ IP address ကို
>
> ရက်ရက်စက်စက်နဲ့ မစစ်ဆေးချင်ပါနဲ့  ချစ်သူ................
>
>
>
> [?]နင့်ကို chat ပြီးချစ်ခဲ့တာပါ နှပ်ပြီးချစ်ခဲ့တာမဟုတ်လို့ 
>
> နင့်ရဲ့ talkey တွေအောက် ပြားပြားမှောက်ခဲ့တဲ့
>
> ငါ့ရဲ့နှလုံးသားကို
>
> ဒုတိယအကြိမ် ပြန်အသက်သွင်းပေးပါအုံး ချစ်သူ................
>
>
>
> [?]မထွက်ချင်ပေမဲ့ အသက်ငင်နေတဲ့
>
> ငါ့ရဲ့နှလုံးသားကို
>
> အလျင်စလို delete မခေါက်လိုက်ပါနဲ့  ချစ်သူ...............
>
>
>
> [?]ငါဟာငါ register လုပ်ခဲ့ပြီး
>
> ငါဟာငါမေ့နေတဲ့ ငါ့နှလုံးသား password ကို
>
> နင်တစ်ယောက်ထဲသိပါတယ် ချစ်သူ.....................
>
>
>
> [?]ကျေးဇူးရှင် chat senior များရဲ့
>
> သွန်သင်ဆုံးမမှုကိုနားယောင်ပြီး firewall အထပ်ထပ်ခံထားတဲ့
>
> နင့်ရဲ့နှလုံးသားကိုလည်း
>
> ငါ hack လုပ်လို့ မရခဲ့ပါဘူး ချစ်သူ..............
>
>
>
> [?] ချစ်သူ..............
>
> တကယ်တော့..............
>
> ငါဟာနင့်ရဲ့ဘ၀ထဲကို
>
> လိုင်စင်မဲ့နှလုံးသားတစ်ခု တင်သွင်းဖို့ ကြိုးစားခဲ့တဲ့လူလေ ။ ။
>
> ----------------------------------------------------------------------------------------------------------------------------------------------------
>
>
> 小莉
>
> တစ်ခါက ဂျပန်သုတေသီတွေ မြေကြီးတူးပြီးရှာဖွေကြည့်ကြသတဲ့။ ပေ ၁၀၀၀
> တူးမိတဲ့အခါမှာ မြေကြီးထဲက ကြေးနီ Network ကြိုးတွေ၊
> ဖုန်းကြိုးတွေတူးမိကြတယ်။ ဒီတော့ ဂျပန်တွေက ဂုဏ်ယူပြီးပြောကြတယ်။ "
> ဂျပန်တွေဟာ လွန်ခဲ့တဲ့နှစ် ၁၀၀၀ ကတည်းက Networking & Telecommunication
> ကို နားလည်နေကြပြီ" တဲ့။
>
> အမေရိကန်တွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၂၀၀၀ လောက်တူးမိတော့ Fiber Optic
> ကြိုးတွေ တူးမိကြတယ်။ ဒီတော့ အမေရိကန်တွေက " လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက
> ယန်းကီးတွေဟာ Fiber Optic ကြိုးတွေ သုံးတတ်၊ တီထွင်တတ်နေကြပြီ " ဆိုပြီး
> ဂုဏ်ဖေါ်ကြတယ်။
>
> မရှေးမနှောင်းမှာပဲ မြန်မာပြည်က ဆရာကြီးတွေကလည်း တူးကြပြန်ရောတဲ့။ ပေ
> ၅၀၀၀ သာရောက်ရော ... ဘာမှမတွေ့ဘူး။ ဒါပေမယ့် နောက်တစ်နေ့ထုတ်
> သတင်းစာတွေမှာ စာလုံးမည်းကြီးတွေနဲ့ ပါလာတယ်။
>
> " မြန်မာတွေ လွန်ခဲ့သော နှစ် ၅၀၀၀ က Wireless Technology ကို တွင်ကျယ်စွာ
> အသုံးပြုခဲ့ကြကြောင်း " ဆိုပဲ။
>
> မြန်မာဆိုပြီး လက်မထောင်နိုင်ကြပါစေ။

G-mail (account)ကိုဘယ်လိုဖျက်မလဲ

အခမဲ့ရတဲ့ G-mail တွေသင့်မှာများနေပြီ..ကျူခံရတာများလို့စိတ်ညစ်လို့ပဲဖြစ်ဖြစ်

ဒါမှမဟုတ် ကိစ္စတစ်ခုခုကြောင့် ဖျက်ချင်တာပဲဖြစ်ဖြစ် ဖျက်ကြည့်ရအောင်…………

-Google Account Settings ဆီကိုသွားပါ။Edit ထဲကိုအရင်သွားလိုက်နော် ပြီးရင်.

-Delete a Service အောက်က Delete G-mail Service ကို Click ပါ။

ဒီနေရာမှာ Close account and delete all service and info associated with it ကိုရွေးလည်းရပါတယ်။ဒီလိုရွေးချယ်မယ်ဆိုရင် ဖျက်ချင်တဲ့အကောင့်နဲ့သက်ဆိုင်သမျှ

i-google ,Google Docs စတာတွေပါ ပါသွားမှာပါ။

-Yes ,I want to permanently delete deletemememetoo@gmail.com and remove from my google account ကိုရွေးပါ။

-New Email Address နေရာမှာ သင့်ရဲ့ အီးမေးလ် လိပ်စာတစ်ခုခုအသစ်ရေးပါ။

G-mail က Secondary email ကိုသတင်းပေးရာမှာ အသုံးပြုလို့ပါ။ ဒီ E-mail က Google အတွက် သင့်မူပိုင်ပါပဲ။

-ဖျက်ပြစ်လိုက်တဲ့ E-mail ရှိ ၊မရှိ စောစောလေးက ပေးထားခဲ့တဲ့ Mail မှတစ်ဆင့်ပြန်စစ်ကြည့်ပါဦး။

-Current Password အောက်က G-mail Password ကိုဝင်ပါ။

-Remove G-mail ကိုရွေးပါ။

-Account-neroplyegoogle.com မှ Confirmation ကို သင်ပေးခဲ့တဲ့ Secondary account မှာ ဖွင့်ကြည့်ပါ။

-Deletion Link ကိုဝင်ပါ။

-Password ရိုက်ထည့်ပါ။ပြီးရင် Verify: ပေါ့။

OK ပြီနော်…..

zeroperson

I made this widget at MyFlashFetish.com.

Followers