Sunday, August 23, 2009

ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရောင်ခြည်တော်ကွန့်မြူးနေပုံ



























Ebook (Pdf) File ပြုလုပ်နည်း

ကျွန်တော်က Adobe Acrobat 7.0 Professional သုံးပါတယ်။ Install လုပ်ပြီးရင် Microsoft Word တို့ Excel တို့မှာ PDFMaker 7.0 ဆိုပြီး Toolbar တက်လာပါတယ်။ Convert to Adobe PDF ကို Click လုပ်ရင် Pdf ဖိုင် ပြောင်းပေးပါတယ်။

တခြား Print လုပ်လို့ရတဲ့မည်သည့် Software မဆိုလည်း Pdf ပြောင်းနိုင်ပါတယ်။ အဲဒီ့အတွက် Printers and Faxes မှာ Adobe PDF printer လေးတက်နေပါလိမ့်မယ်။ Print လုပ်ရင် Printer နေရာမှာ Adobe PDF printer ကိုရွေးပေးလိုက်ပါ။ အဲဒီအခါမှာလည်း Pdf ဖိုင် ပြောင်းပေးပါလိမ့်မယ်။

ကျွန်တော်ကတော့ Adobe Acrobat 7.0 Professional ပေါ်မှာဘဲ သုံးပါတယ်။ Multiple Files ကို Pdf အနေနဲ့ ပြောင်းနိုင်လို့ပါ။ Create PDF အောက်မှာ From File, From Multiple Files, From Web Page, From Scanner ဆိုပြီး ပါပါတယ်။ အသုံးပြုကြည့်ပါ။ ပျော်စရာကောင်းပါတယ်။ ရေစာထည့်တာတို့ Comment ထိုးတာတို့ လုပ်နိုင်တဲ့ Function တွေ အများကြီးပါဘဲ။

ဒီ Software မှာ အားနည်းချက်ကတော့ Unicode Font (ဥပမာ - Zawgyi နဲ့ မြန်မာ-အင်္ဂလိပ်၊ မြန်မာလို File Name တွေ ပေးထားတဲ့ File တွေဖွင့်ရင် အများအားဖြင့် ဖွင့်မရဘူးဆိုတဲ့ Error ပြတတ်ပါတယ်။ Zawgyi နဲ့ အင်္ဂလိပ်လိုပေးထားရင်တော့ ဖွင့်ရပါတယ်။ အဲဒီတော့ ကျွန်တော်က Pdf ဖိုင်တွေဖွင့်ချင်ရင် Adobe Reader 9.0 ကို သုံးပါတယ်။ Adobe Acrobat Professional နောက်ပိုင်း Version တွေမှာတော့ ဒီပြဿနာမရှိတော့ပါ။ ပထမဆုံးသုံးဖြစ်တဲ့ သံယောဇဉ်ကြောင့် Adobe Acrobat 7.0 Professional ကို ဆက်သုံးဖြစ်နေတာပါ။

ဒီ Software လိုချင်ရင်တော့ အနီးဆုံး CD ဆိုင်ကိုသာသွားပါခင်ဗျာ။ (မြန်မာပြည်က Download Speed ကိုစိတ်ရှည်ရင်တော့ Adobe.com ကနေ ၀ယ်ပေါ့ဗျာ။ Crack ပါပေးတဲ့ Free Site တွေမှာလည်း ရနိုင်ပါတယ်။)

Aung Kyaw Moe

ကိုယ်ပိုင် ပြက္ခဒိန် ဒီဇိုင်းလေး တစ်ခုလောက် လုပ်ကြည့်ကြတာပေါ့

တစ်ခါတစ်လေ စိတ်ကူးရကြလိမ့်မယ်ထင်တယ်။ ယောကျာင်္းလေးတွေပေါ့ ... ကိုယ့်ကောင်မလေးပုံကို စားပွဲပေါ်ဒီတိုင်း ထောင်ထားတာထက်စာရင် စားပွဲတင် ပြက္ခဒိန် လေးအဖြစ်က ပိုမကောင်းဘူးလားလို့။ ကျနော် ပြောတာ နောက်တောင် ကျနေလောက်ပါတယ်။ ဓါတ်ပုံဆိုင်တွေမှာ လုပ်ပေးနေတာပဲကို .. ဒါပေမယ့် photoshop သမားတိုင်းကတော့ ကိုယ်တိုင်ပဲ လုပ်ချင်လိမ့်မယ်လို့ ထင်တယ်။ အလွယ်တကူလည်း ဖြစ်မယ်၊ သပ်လည်း သပ်ယပ်မယ်ဆိုရင်တော့ သုံးချင်ကြမှာပါ။ ကိုယ်ပိုင် ပြက္ခဒိန် ဒီဇိုင်းလေး တစ်ခုလောက် လုပ်ကြည့်ကြတာပေါ့။



Download From Mediafire (EZ Photo Calendar Creator Plus v907)

Download From ifile (EZ Photo Calendar Creator Plus v907)


ဇွန်း၊ခရင်း ပုံပြထားတာမြင်ရင် စားသောက်ဆိုင်ကို ပြောတာမှန်း လူမျိုးတိုင်း သိပါတယ်။ အခုလည်း Enter Pin Code ဆိုတာကို နှိပ်ပြပြီး၊ code တွေထည့်ပြထားတဲ့ ပုံနှစ်ပုံကို မြင်တာနဲ့ အလိုလိုသိမှာပါ။ (အရမ်းအသေးစိတ်တွေ ရေးလွန်းရင် စာဖတ်သူရဲ့ IQ ကို အထင်သေးရာရောက်သွားမယ်) ကျနော် နောက်ပိုင်း အဲဒါမျိုးတွေကြောင့် အရေးအသားတွေကို ချုံ့ချင်တာပါ။ နောက်ပြီး serial code တွေ ပေးထားရင် ဘယ်လိုထည့်ရတယ်၊ ဘယ်နေရာ နှိပ်ရတယ်ဆိုတာတွေက မပြောလဲ လုပ်တတ်မယ်လို့ကို ကျနော်ထင်ပါတယ်။

ကြိုက်တဲ့ ဒီဇိုင်းတစ်ခုတော့ ရွေးပေးရမယ်လေ။ စားပွဲတင်လား၊ နံရံကပ်လား ဘာညာပေါ့။ Create နှိပ်လိုက်ရင် နာမည်ပေးခိုင်းလိမ့်မယ်။ ဒီ project အတွက်ပေါ့။


နောက်ခံပုံထည့်ဖို့က Drag ဆွဲပြီးပဲဖြစ်ဖြစ်၊ အဲဒီနေရာကို click လုပ်ပြီးတော့ပဲ ဖြစ်ဖြစ် ထည့်ပေးလို့ရတယ်။


ကျန်တာတွေကတော့ ရှာကြံပြီး ကလိလိုက်တော့။ လွယ်ပါတယ် ...


Preview ကို နှိပ်ပြီး မိမိ printer နဲ့ ထုတ်နိုင်သလို၊ pdf အဖြစ်နဲ့ သယ်သွားပြီး ဆိုင်မှာသွားထုတ်ခိုင်းလို့လည်းရပါတယ်။


ဖြစ်သလိုလုပ်ထားလိုက်တဲ့ ပြက္ခဒိန် ဥပမာလေးပါ။ ကျနော် စာရေးလို့ရရုံ အလွယ်လုပ်ထားတာပါ။ ကျနော်လုပ်တာထက် အများကြီးသာအောင် လုပ်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။


ကိုသံလုံငယ် ဘလော့ကပါ။

I made this widget at MyFlashFetish.com.

Followers