Monday, August 31, 2009

view source နဲ့အသုံးပြုလို့ရတဲ့နည်း (သတိပြုရန်)

သူငယ်ချင်းတို့ရေ view source နဲ့ အသုံးပြုလို့၇တဲ့နည်းလေးပေါ်လာပါပီ
View source က မူလစာမျက်နှာမှာရှိတဲ့ လင့်တွေ သို့မဟုတ် တစ်ခြားဝက်ဆိုက်မှာတင်ထားတဲ့စာတွေပုံတွေကို တစ်မျက်နှာလုံးပေါ်အောင် ကူးယူးခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ် ဒီနည်းကို သုံးတယ်ပြီဆိုရင် သူများစာမျက်နှာကဟာတွေကို
အလွယ်တကူကူးမယူစေရန် သတိပေးချင်ပါတယ် ဒီနည်းလေကို သိအောင် တတ်အောင်ပြချင်တဲ့သဘောလေးနဲ့ ဒီလိုလုပ်လို့ရတဲ့ဆိုတာကို ဖော်ပြချင်တာပါ

အသုံးပြုပုံလေးတွေကို သူငယ်ချင်းတို့အလွယ်တကူနားလည်အောင်လို့ ပုံးလေးတွေနဲ့ဖော်ပြချင်ပါတယ်။

၁။ဒီလင့်လေးကိုကလစ်ပေးပါ
၂။ ထိုနောက်

ဒီပုံလေးပေါ်လာပါလိမ့်မယ် ၃။ ပေါ်လာတဲ့အကွက်နေရာမှာသင်ကော်ပီချင်တဲ့လင့်လေးရိုက်ထည့်ပါ

၎။ ထိုနောက်ဒီစတိုင်လေးပေါ်လာပါလိမ့်မယ်

အကွက်ကြီးတည်းကစားလုံးများကို COPY လေးပေးပါ ၅။ထိုနောက် သင် PASTE လုပ်ရမဲ့နေရာကိုသွားပါ

၆။မိတ်ဆွေအဲဒီအကွယ်လေးထဲကိုရောက်ရင် စောနကကူးလာတဲ့ကုတ်လေးများကို paste လေးကလစ်ပြီးထည့်လိုက်ပါ

၇။ပေါ်လာပြီဆိုတာနဲ့ save ကိုကလစ်ပါ ထိုနောက်မိတ်ဆွေ၏စာမျက်နှာမှာမိတ်ဆွေလိုချင်တဲ့လင့်လေးများပေါ်လာပါပီ။
ပေါ်လာတဲ့ပုံလေးများကတော့ သင်ယူလာတဲ့ဆိုက်မှရှိသည့် song,clander,logo.link.flag စသဖြင့်ပေါ်လာပါမယ်အောက်ပါဓာတ်ပုံလေးအတိုင်းပေါ့

ကဲ သူငယ်ချင်းတို့ရေနည်းလမ်းလေးကတော့ ဒါဘဲနော်ကြိုးစားကြည့်ကြပေါ့အားလုံးဘဲနော်
GOD LUCK !!!


achitsonethu




မျှဝေပေးတာ ကျေးဇူးအထူးပါ....

သို့သော် ဤကဲ့သို့ သုံးမယ်ဆိုရင် မူရင်း မိမိကူးယူခဲ့တဲ့ ၀ဘ်ဆိုဒ်မှ တိုက်ရိုက်ယူသုံးဖြစ်တဲ့အတွက် အဆိုပါ ၀ဘ်ဆိုဒ်ရဲ့ Bandwidth ကို တိုက်ရိုက်အသုံးပြုလိုက်တာပါ။ အဲဒီလုပ်တာကို Hot Linking လုပ်တယ်လို့ ခေါ်ပါတယ်။ မပြုလုပ်သင့်ပါ။ မူရင်း ၀ဘ်ဆိုဒ်ရဲ့ Bandwidth ကို များစွာ ထိခိုက်စေပါတယ်။

Bandwidth ဆိုတာ ဘာလဲလို့ လွယ်လွယ်မြင်အောင် ပြောရရင် ၀ဘ်ဆိုဒ်နဲ့ ကျနော်တို့ ကွန်ပြုတာ တွေကြား ဆက်သွယ်ထားတဲ့ လမ်းကြောင်း အကျဉ်းအကျယ် ကို ခေါ်တာပါ။

၆ လမ်းသွားကားလမ်းမှာ ကား ၂ စီးသွားရင် ကားရဲ့ အမြန်နှုန်းရှိသလောက် မြန်မြန်သွားနိုင်မှာပါ။ ၂ လမ်းသွားလမ်းပေါ်မှာ ကား ၆ စီးသွားမယ်ဆိုရင် မြန်မြန်မသွားနိုင်တာ လူတိုင်း သဘောပေါက်မယ်နိုင်ပါတယ်။

ခုလို တခြားဝဘ်ဆိုဒ်ရဲ့ Bandwidth ကို ယူသုံးလိုက်တာဟာ သူပိုင်တဲ့လမ်းပေါ် ကျနော်တို့ ကားတက်မောင်းသလို ဖြစ်တဲ့အတွက် သူ့လမ်းကို ကျပ်စေသလို.. နှောင့်နှေးစေပါတယ်။

နောက်တခု သတိပြုသင့်တာက ကားလမ်းတွေမှာ ၂ လမ်းသွား၊ ၆ လမ်းသွား စသဖြင့်သတ်မှတ်ချက်ရှိသလိုပဲ ၀ဘ်ဆိုဒ်တခုရဲ့ Bandwidth ကလည်း သတ်မှတ်ချက်ရှိပါတယ်။ အဲဒီသတ်မှတ်ချက်ထက် ကျော်သုံးလို့ မရပါဘူး။ ကျော်သွားခဲ့ရင် အဲဒီဝဘ်ဆိုက်ကို ခေါ်ယူမရနိုင်တော့ပါ။

ခုလို Viewsource ကြည့်တဲ့နည်းကို သူတပါးဆိုဒ်က ကူပြီးလာတင်ဖို့ သုံးယုံမဟုတ်ပါဘူး။ အဲဒီလို view source ကို ကြည့်ပီး Web Design, HTML Programming ကို စိတ်ဝင်စားတဲ့သူတွေအတွက် လေ့လာနိုင်တဲ့နေရာမျိုးတွေမှာ သုံးသင့်ပါတယ်။ မိမိဖြန့်တွေးရင် တွေးသလောက် အကျိုးရှိသလို အသုံးပြုနိုင်ပါတယ်။

ဒါကြောင့် မိမိအတွက် သူတပါးကို ဒုတ်ခရောက်စေနိုင်တာလေးကို သတိပြုမိမယ် ဆိုရင် ကိုယ်ချင်းစာစိတ်နဲ့ နည်းပညာကို အကျိုးရှိအသုံးနိုင်ဖို့ ကျနော်တို့တွေ သတိပြုသင့်ပါတယ်။

သိထားတာလေး နည်းနည်းနဲ့ တွေးမိတာလေး နည်းနည်းကို ပြောပြတာပါပဲ။ မိမိတို့ ဆန္ဒအလျောက် ခံယူစဉ်းစားဆင်ခြင်နိုင်ကျပါတယ်။

ကျေးဇူးတင်လျှက်
ဇင်ယော်၁၃

I made this widget at MyFlashFetish.com.

Followers