Friday, August 21, 2009

biggest&heighest in the world




အွန်လိုင်းမှာ pdf ဖိုင် စာအုပ်တွေကို ဘယ်လိုကူးယူမလဲ

မေးသူရှိလာ၍ မိမိသိသလောက် ကြိုးစားဖြေရှင်းပေးလိုက်ပါသည်။
ဒိထက်ကောင်းသောနည်းများရှိရင်လဲ မစ
ပေးသွားကြပါ။
သိပြီးသူတွေကတော့ နဲနဲမျက်စိမှိတ်ထားပေါ့။

ဦးစွာ လင့်ကိုကလစ်ရပါမည်။
ကွန်နရှင်ပေါ်မူတည်၍ စာအုပ်ပေါ်အောင်နဲနဲ စောင့်ရမည်။


ဝိုင်းထားတာတော့ကလစ်လိုက်တော့
အောက်ကအတိုင်းပေါ်လာပေလိမ့်မည်။


ထို့ နောက် အောက်ပုံပါ ၀ိုင်းပြထားသောနေရာကိုထောက်လိုက်ပါတော့ ပုံပါစာအတိုင်း ဘယ်နေရာမှာသိမ်းထားမလဲ မေးလိမ့်မည်။
ထိုပုံလေးကိုပဲ ကလစ်လိုက်ပါ။



အောက်ပုံလိုပေါ်လာမှာပါ။


အဲဒီနောက် save ကိုကလစ်လိုက်ပါ။



ဒါဆို ကူးပြီးသားဖြစ်သွားပါပြီ။






အဆင်ပြေကြပါစေ။



အဆွေတော်လေး

ထိုင်ဝမ်သမ္မတ၏ပြည်သူများအပေါ်ထားရှိသောစေတနာ

ထိုင်ဝမ် ( Formosa....ကျွန်း )၏ လက်ရှိ သမ္မတ မာအင်းရ်ကျို (馬英九)၏ဓာတ်ပုံ..

သမ္မတ ကတော်..ကျိုး(z)မေချင်း(周美青)၏ဓာတ်ပုံ..

ထိုင်ဝမ်နိုင်ငံမှ အစီး ( ၆၀ )ကျော်ဝယ်ယူလိုက်သည့် ရဟတ်ယာဉ်၏ပုံစံ

ရဟတ်ယာဉ်ဝယ်ယူသည့် ကုန်ကျစရိတ်ဟာ ထိုင်ဝမ်ငွေ ကုဋေပေါင်း ၁၀၀
ကျော် လို့ သိရှိရပြီး......ဤရဟတ်ယာဉ်၏ လုပ်ဆောင်နိုင်စွမ်းမှာ မြေကြီးအတွင်း၌မြုပ်နေသောသူများကို
ရေဒါ စနစ်ဖြင့်ရှာဖွေကယ်တင်နိုင်စွမ်းရှိသည်ဟုသိရှိရပါသည်...။ ဤရဟတ်ယာဉ်အတွင်းရှိ computer
system ၏ရှာဖွေပေးချက်အရ.....ထိုင်ဝမ်ကယ်ဆယ်ရေးစစ်သားများ ၅ သောင်းအတွင်းရှိ စစ်သားတချို့ ဟာ မြေကြီးအတွင်းမြုပ်နေသော ဘက်စ် ကားတစ်စီးနှင့်အတူ အတွင်းရှိ ခရီးသယ် ၃၂ ဦးကို အသက်ရှင်
လျက်ကယ်တင်နိုင်ခဲ့တယ်လို့ သိရှိခဲ့ရပါသည်.....။

အင်တာနက်ပေါ်က ပညာဒါန

Open Courses တွေ virtual internet world မှာ ပေါ်ပေါက်လာတာ အလွန်ဝမ်းသာစရာသတင်းပါ...
"Turn Virtual into Reality".
ဒီစာသားကို သဘော ကျတယ်..ဘယ်မှာတွေ့သလဲ မသိတော့ဘူး။
အထူးသဖြင့် မြန်မာနိုင်ငံလို မဖွံ့ဖြိုးသေးတဲ့ နိုင်ငံလေးတွေလိုမျိုးအတွက်တော့
ပညာရေးမှာ မြေကြီးက ရွှေသီးတာပဲ..။
Copy ပညာရေးမဟုတ်ပဲ...Creative Education ဖြစ်ဖို့...
စာကျပိုးပဲဖြစ်ဖြစ်.၊ အလေလိုက်နေတဲ့ ၁၀၉/၁၁၀ တွေပဲဖြစ်ဖြစ်၊ မသိတခေါက် အပင်ပေါက်တွေပဲဖြစ်ဖြစ်...
ကျွန်ုပ်တို့လို ကျောင်းညားတွေအတွက် (အဲ ကျောင်းသား/သူ တွေအတွက်တော့)
အရမ်းကို တန်ဖိုးရှိပါတယ်။
နည်းပညာကို အသုံးချတတ်မှ အသုံးကျမှန်း အကျိုးရှိမှန်းသိလာကြပါစေ...
့For mm ppls, မြန်မာတယ်လီပို့ + exchange serverျတွေကို ညတိုင်း မေတ္တာပို့ကြပါလေ...ဒါမှ connection လေး၊ ဘာလေး နည်းနည်းကောင်းလာမှာ...။
အင်တာနက်လိုင်း နှေးကွေးတဲ့ ပြည်မြန်မာမှ ကျောင်းသား/သူ၊ ဆရာ/မ များ..
မိမိ အထူးပြုလေ့လာတဲ့ ဘာသာရပ်တွေကို ...ဖော်ပြပါ websites တွေမှာ လိုက်ရှာပြီး...ဘာသာရပ် course တစ်ခုလုံးကို နိုင်ငံခြားမှ မိတ်ဆွေ၊ ဆွေညာတွေထံ အကူအညီတောင်းပြီး Hi-speed နဲ့ the whole course ကို
Grab လုပ်ယူခိုင်းပြီး...offline learning လုပ်လို့ရပါတယ်။
ဥပမာ..internet download manager ရှိသူတွေဆိုရင်
website တစ်ခုလုံးကို Grabber/ Synchronize လုပ်နိုင်ပါတယ်။



Open Course Ware
(သို့မဟုတ်)

အင်တာနက်ပေါ်က ပညာဒါန



Open Course Ware ဆိုတာဘာလဲ။
‘အိုးပင်းကို့စ်ဝဲ’ ဆိုသည်မှာ ကမ္ဘာအရပ်ရပ်ရှိ တက္ကသိုလ်များတွင် သင်ကြားလျက်ရှိသော သင်တန်းများကို အင်တာနက်မှတဆင့် အခမဲ့ ဖြန့်ဖြူးပေးသောနေရာ ဖြစ်သည်။ ဤဆောင်းပါးကို ရေးသားချိန်တွင် နိုင်ငံပေါင်း ၃၀ မှ တက္ကသိုလ် နှင့် အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်တို့က ကမ္ဘာအရပ်ရပ်ရှိ ပြည်သူတို့အား အဆင့်မြင့် ပညာရပ်များ ဝေမျှပေးနိုင်ရန် ရည်ရွယ်ပြီး ပညာဒါနပြုလျက်ရှိသည်။


ဘယ်တက္ကသိုလ်တွေပါလဲ။
ပညာဒါနပြုရာတွင် ပါဝင်သော စာရှုသူတို့နှင့် ရင်းနှီးပြီးဖြစ်မည့် တက္ကသိုလ် အချို့မှာ -
http://en.wikipedia.org/wiki/MIT_OpenCourseWare
http://oyc.yale.edu/
http://webcast.berkeley.edu/
http://ocw.jhsph.edu/
http://ocw.tufts.edu/
http://www.maths.ox.ac.uk/opencourseware/
http://unow.nottingham.ac.uk/
http://ocw.u-tokyo.ac.jp/english/

မက်ဆာချူးဆက်စက်မှုတက္ကသိုလ် (အမ်အိုင်တီ)
ယေးလ်တက္ကသိုလ်
ကာလီဖိုးနီးယားတက္ကသိုလ် (ဘာကလေ)
ဂျွန်စ်ဟော့ပ်ကင်းစ် ပြည်သူ့ကျန်းမာရေးကျောင်း
တပ်ဖ်တက္ကသိုလ်
အောက်စ်ဖို့တက္ကသိုလ် သင်္ချာအင်စတီကျု
နော်တင်ဂမ်တက္ကသိုလ် နှင့်
တိုကျိုတက္ကသိုလ် တို့ဖြစ်ကြသည်။


ဘယ်လိုသင်ကြားပေးတာလဲ။
ပညာဒါနပြုရာတွင် ပါဝင်သော တက္ကသိုလ်များက ၄င်းတို့၏ တက္ကသိုလ်များ၌ အခကြေးငွေယူကာ သင်ကြားနေသော ဘာသာရပ်များထဲမှ အနည်းဆုံး ၁၀ ခုကို ရွေးချယ်ပြီး အင်တာနက်ပေါ်တွင် တင်ပေးထားရသည်။ ထိုသို့တင်ရာတွင် သင်ရိုးညွှန်းတမ်း၊ မှတ်စု၊ ရည်ညွှန်းစာအုပ် နှင့် စာတမ်းများ စာရင်း၊ ပါဝါပွိုင့်ဆလိုဒ်များ၊ ဆရာများ၏ တိုက်ရိုက်ပို့ချချက် အသံ နှင့် ဗီဒီယိုဖိုင်များ စသည်တို့ ပါဝင်သည်။ မည်သူမဆို ထို သင်-ထောက်-ကူ ဖိုင်များကို အခမဲ့ ရယူသုံးစွဲ၍ မိမိဖာသာ လေ့လာရမည်ဖြစ်သည်။


မှတ်ပုံတင် စာရင်းသွင်းရန် လိုအပ်ပါသလား။
လုံးဝမလိုအပ်ပါ။ မည်သူမဆို အသုံးပြုနိုင်ပါသည်။


ဘယ်လိုဘာသာရပ်များ ပါဝင်ပါသလဲ။
စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ စက်မှု၊ ကွန်ပြူတာ၊ ကျန်းမာရေး စသဖြင့် အမျိုးအစား စုံလင်စွာပါရှိသည်။ တက္ကသိုလ်များက မိမိတို့ ကျွမ်းကျင်ရာ ဘာသာရပ်များကို တင်ထားပေးတတ်သည်။ စာကိုး စာရင်းပါ ၀က်ဆိုဒ် လင့်များမှတဆင့် သွားရောက် လေ့လာ ရှာဖွေနိုင်သည်။


အင်တာနက် လိုအပ်ပါသလား
လိုအပ်ပါသည်။ အသံ နှင့် ဗီဒီယို ဖိုင်များကို တိုက်ရိုက် ဖွင့်ရန်အတွက်မူ အင်တာနက် မြန်နှုန်းမြင့်ရန် လိုအပ်သည်။ သို့ရာတွင် မှတ်စုများ၊ ပါဝါပွိုင့် ဆလိုဒ်များ၊ အသံ နှင့် ဗီဒီယို ဖိုင်များကို ဒေါင်းလုပ် လုပ်ထားပါက အင်တာနက် မရှိသော်လည်း ကွန်ပြူတာတွင် ဖွင့်ပြီး လေ့လာနိုင်သည်။


ဘာကြောင့် အလကားပေးတာလဲ။
မက်ဆာချူးဆက် စက်မှုတက္ကသိုလ်က စတင်ကာ ‘မည်သူမဆို အဆင့်မြင့်ပညာ သင်ကြားနိုင်ခွင့် ရရှိရေး’ ဆိုတဲ့ ရည်ရွယ်ချက်ကောင်းနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ တခြား တက္ကသိုလ်တွေလည်း ပါဝင်လာပြီး ဒီစီမံချက်ကို ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းတွေပါ ပေါ်လာပါတယ်။ ဒါကြောင့် ဆက်လက်ပြီး ပညာဒါန ပေးနေနိုင်တာပါ။ သင်လည်း အလှူငွေ ထည့်ဝင်ချင်ရင် ထည့်ဝင်လို့ ရပါတယ်။


အလကားပေးတာဆိုတော့ အရည်အသွေး ကောင်းပါ့မလား။
စာရေးသူ၏ ကိုယ်တွေ့အရ ဆိုလျှင် အခကြေးငွေယူ သင်ပေးသော သင်တန်းများတွင် အသုံးပြုသည့် သင်ရိုးညွှန်းတမ်း၊ ဆလိုဒ်၊ မှတ်စုများ အတိုင်း ‘အိုးပင်းကို့စ်ဝဲ’ တွင် တင်ပေးထားကြောင်း တွေ့ရသည်။ အချို့တက္ကသိုလ်များ (ဥပမာ - ကာလီဖိုးနီးယား တက္ကသိုလ် - ဘာကလေ) တွင် အခကြေးငွေယူ သင်ပေးသော သင်တန်း လက်ချာများကို ဗီဒီယို ရိုက်ကာ တင်ပေးထားသဖြင့် အတန်းထဲတွင် သွားကာ တက်နေရသကဲ့သို့ပင် ရှိသည်။


ဒါဆို ဘာလို့ ကျောင်းလခပေး တက်နေတော့မလဲ။
အင်မတန် မေးသင့်တဲ့ မေးခွန်းပါ။ ကျောင်းလခပေး တက်တာနဲ့ ကွာခြားတာလေးတွေတော့ ရှိပါတယ်။ ကျောင်းလခပေး တက်ရင် မရှင်းလင်းသည်များ ရှိပါက ဆရာ၊ ဆရာမတွေကို တိုက်ရိုက် မေးမြန်းနိုင်ပါတယ်။ ‘အိုပင်းကို့စ်ဝဲ’ မှာတော့ ဘယ်သူကမှ လာပြီး ရှင်းပြနေမှာ မဟုတ်ပါ။ မိမိဖာသာ နားလည်အောင် ဖတ်ရှုလေ့လာရပါမယ်။ ကိုယ်ထူကိုယ်ထ ဆိုပါတော့။

နောက်တစ်ချက် ကွာခြားတာက ‘အိုပင်းကို့စ်ဝဲ’ မှာ လေ့လာပြီးသွားလို့ ဆိုပြီး အဆိုပါ တက္ကသိုလ်ကို ဘွဲ့၊ အောင်လက်မှတ်ပေးဖို့ သွားတောင်းလို့ မရပါ။ ဥပမာ - မိမိက အမ်အိုင်တီက ဘာသာရပ်တစ်ခုကို ‘အိုပင်းကို့စ်ဝဲ’ မှာလေ့လာပြီးသွားတာနဲ့ မိမိကို အမ်အိုင်တီက အသိအမှတ်ပြုလိုက်ပြီ လို့ သွားပြောလို့ မရပါ။


အသိအမှတ်ပြုလည်း မခံရ၊ ဘွဲ့လည်း မရ၊ အောင်လက်မှတ်လည်း မရဆိုတော့ ဘာလို့ လေ့လာနေမလဲ။
ဒါလည်း ဖြစ်တာပါပဲ။ ဘာမှ မလေ့လာပဲ အေးအေးဆေးဆေး နှပ်နေလည်း ဘယ်သူက ဘာပြောမှာလိုက်လို့။ သို့သော် ... အသိအမှတ်ပြု မခံရပေမယ့် ပညာရပ် ဆိုင်ရာ ဗဟုသုတ တိုးတက်ပါတယ်။ မိမိရဲ့ ပညာဗဟုသုတ တိုးတက်ရေးအတွက် ကြိုးစားလိုစိတ်ရှိသူတွေ၊ နိုင်ငံခြားထွက် ပညာသင်ဖို့ရာ အခက်အခဲ ရှိနေသူတွေ အတွက် အဆင့်မြင့် ပညာရေး အလှမ်းမဝေးကြောင်း လက်တို့လိုက်ရခြင်းသာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာ ရှိသူတွေ အနေနဲ့ ‘အိုပင်းကို့စ်ဝဲ’ ကတဆင့် လေ့လာရာမှာ ဘာအခက်အခဲတွေ ရှိနိုင်သလဲ။
အင်္ဂလိပ်စာ၊ ကွန်ပြူတာ၊ အင်တာနက် အသုံးပြုတတ်ဖို့ နဲ့ အင်တာနက်မြန်နှုန်းမြင့်ဖို့ လိုပါတယ်။ အဲဒါတွေထက် အရေးကြီးတာက အချိန်မှန် လေ့လာသွားဖို့ပါ။ ကိုယ့်ကို ဘယ်သူကမှ ကြီးကြပ်နေတာ မဟုတ်လို့ ပေါ့ပေါ့လျှော့လျှော့နဲ့ လေ့လာချင်တဲ့ အချိန် လေ့လာ၊ ပစ်ထားချင်တဲ့ အချိန် ပစ်ထားလိုက်ဆိုရင်တော့ သိပ်မထူးပါ။ နောက်ထပ် ရှိနိုင်တဲ့ အခက်အခဲ တစ်ခုက ရည်ညွှန်းစာအုပ်၊ စာတမ်းများ ရရှိနိုင်ရေးပါ။ ဒါကတော့ ဘာသာရပ်ပေါ်မူတည်ပြီး မြန်မာပြည်က စာကြည့်တိုက်တွေမှာ ဖြစ်ဖြစ် အင်တာနက်မှာ ဖြစ်ဖြစ် ရှာဖွေ ရနိုင်ပါတယ်။ နိုင်ငံခြား တက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ အသိမိတ်ဆွေတွေရှိရင် သူတို့ကတဆင့်လည်း ရှာဖွေနိုင်ပါတယ်။


မူပိုင်ခွင့်ကို ဘယ်လို သတ်မှတ်ထားပါသလဲ။
အင်တာနက်ပေါ် တင်ပေးထားသော ‘အိုးပင်းကို့စ်ဝဲ’ ဆိုင်ရာ ဖိုင်များနှင့် ပတ်သက်သည့် မူပိုင်ခွင့်ကို တက္ကသိုလ် တစ်ခုချင်းစီက ရှင်းလင်းစွာ ဖော်ပြထားသည်။ အနိမ့်ဆုံး အောက်ထစ်အားဖြင့် ထိုဖိုင်များကို အခမဲ့ ပြန်လည် ဖြန့်ဖြူးခွင့်ရှိသည်။ ထိုသို့ ဖြန့်ဖြူးရာတွင် မူရင်းဖိုင်ကို မည်သည့်နေရာမှ ရရှိသည်ဟု အတိအကျ ဖော်ပြရန်လိုအပ်သည်။ နဂို မူလဖိုင်များကို ပြင်ဆင်ခွင့်မရှိ။ အချို့ တက္ကသိုလ်များကမူ ပြင်ဆင်ခွင့် ပေးသည်။ သို့သော် မိမိ ပြင်ဆင်ပြီးသော ဖိုင်များကို ဆက်လက်၍ အခမဲ့ ဖြန့်ဖြူးပေးရမည် ဖြစ်သည်။


ပညာတန်ခိုးဖြင့် တန်ဖိုးမြင့်နိုင်ပါစေ

ခင်မင်လျက်
honey

္မပညာဒါနကျောင်း

မနောရမ္မပညာဒါနကျောင်းတွင်ဖွင့်လှစ်နေသောသင်တန်းများ


Web Development Class
"Myanmar Gateway" မှဆရာကျော်ကိုယ်တိုင်ဦးစီး၍မနောရမ္မပညာဒါနကျောင်းတွင်သင်ကြားပေးနေသောweb development တန်းခွဲအပတ်စဉ်(၇)အားကျောင်းအပ်လက်ခံလျက်ရှိပါသည်။ကျောင်း အပ်လက်ခံရာတွင်လူဦးရေများပြားမှူကြောင့် (၃၀.၈.၂၀၀၉) တွင်ဒုတိယအကြိမ် ၀င်ခွင့်စာမေးပွဲကို၍ထပ်မံကျင်းပပေးမည်ဖြစ်ပါကြောင်းသတင်ကောင်းပါးအပ်ပါသည်။
စာမေးပွဲကျင်းပမည့်အချိန် မှာ ---- နံနက် ၉နာရီမှ ၁၀ရီထိဖြစ်ပါသည်။
(၁၅.၈၂၀၀၉) တွင်ဖြေဆိုခဲ့သောကျောင်းသားများ၏အောင်စာရင်းများကို ထုတ်ပြန်ထားပါသည်။

------------------


Computerသင်တန်းများ
(၁) Computer Basic
(၂) DTP
(၂) Graphic Design
(၃) Auto CAD
(၄) Hardware
(၅) LCCI
သင်တန်းများကိုလည်းအခမဲ့သင်ကြားနိုင်ရန် (၁၅.၈.၂၀၀၉) မှစတင် ရ်ျ ကျောင်းအပ်လက်ခံလျှက်ရှိပါသည်။

--------------------

အခြားသော Language သင်တန်းများကိုလည်းကျောင်းအပ်လက်ခံနေပါပြီ။

အောက်ပါလိပ်စာတွင်အသေးစိတ်ကိုစုံစမ်းနိုင်ပါတယ်..

အရှေ့ဥယျာဉ်တိုက်၊ ဗဟိုလမ်း(ရှမ်းလမ်း)၊ တရားရုံးအနောက်(ဓါတ်ဆီဆိုင်အနီး)၊ စမ်းချာင်းမြို့နယ်၊ ရန်ကုန်မြို့။

Tel: 01-537026, 0--518024

္မပညာဒါနကျောင်း

မနောရမ္မပညာဒါနကျောင်းတွင်ဖွင့်လှစ်နေသောသင်တန်းများ


Web Development Class
"Myanmar Gateway" မှဆရာကျော်ကိုယ်တိုင်ဦးစီး၍မနောရမ္မပညာဒါနကျောင်းတွင်သင်ကြားပေးနေသောweb development တန်းခွဲအပတ်စဉ်(၇)အားကျောင်းအပ်လက်ခံလျက်ရှိပါသည်။ကျောင်း အပ်လက်ခံရာတွင်လူဦးရေများပြားမှူကြောင့် (၃၀.၈.၂၀၀၉) တွင်ဒုတိယအကြိမ် ၀င်ခွင့်စာမေးပွဲကို၍ထပ်မံကျင်းပပေးမည်ဖြစ်ပါကြောင်းသတင်ကောင်းပါးအပ်ပါသည်။
စာမေးပွဲကျင်းပမည့်အချိန် မှာ ---- နံနက် ၉နာရီမှ ၁၀ရီထိဖြစ်ပါသည်။
(၁၅.၈၂၀၀၉) တွင်ဖြေဆိုခဲ့သောကျောင်းသားများ၏အောင်စာရင်းများကို ထုတ်ပြန်ထားပါသည်။

------------------


Computerသင်တန်းများ
(၁) Computer Basic
(၂) DTP
(၂) Graphic Design
(၃) Auto CAD
(၄) Hardware
(၅) LCCI
သင်တန်းများကိုလည်းအခမဲ့သင်ကြားနိုင်ရန် (၁၅.၈.၂၀၀၉) မှစတင် ရ်ျ ကျောင်းအပ်လက်ခံလျှက်ရှိပါသည်။

--------------------

အခြားသော Language သင်တန်းများကိုလည်းကျောင်းအပ်လက်ခံနေပါပြီ။

အောက်ပါလိပ်စာတွင်အသေးစိတ်ကိုစုံစမ်းနိုင်ပါတယ်..

အရှေ့ဥယျာဉ်တိုက်၊ ဗဟိုလမ်း(ရှမ်းလမ်း)၊ တရားရုံးအနောက်(ဓါတ်ဆီဆိုင်အနီး)၊ စမ်းချာင်းမြို့နယ်၊ ရန်ကုန်မြို့။

Tel: 01-537026, 0--518024

I made this widget at MyFlashFetish.com.

Followers