Sunday, August 16, 2009

ဇလွန်ဆရာတော်ကြီး၏ မပုတ် မသိုးသည့် ရုပ်ကလတ်တော်


အထက်ပါဗီဒီယိုကတော့ ရခိုင်ပြည်နယ်မှ ရဟန္တာလို့ သမုတ်ရမည့် ဇလွန်ဆရာတော်ကြီး၏ ရုပ်ကလတ်တော် ဗီဒီယိုဖြစ်ပါတယ်။ ဆရာတော်၏ အလောင်းတော်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာသည့်တိုင်အောင် မပုတ်မသိုးသည့် အပြင် ဆံတော်များပင် ရှည်ထွက်နေသည်ကို ဖူးမြင်နိုင်ပါသည်။ ဗိုက်တော် နှင့် ပေါင်တံတို့ကို ရိုက်ပြထားသည်မှာ အကြောင်းမဲ့တော့ မဖြစ်နိုချေ။ မပုတ်မသိုးအောင် ပေါင်မှ အသားလှီးပြီး ဆေးသွင်းခဲ့မှု မရှိသည်ကို ပြသလိုဟန်ရှိပါတယ်။ မာမီလုပ်လိုသည့်အခါတိုင်း အတွင်းမှ ကလီစာဖြစ်သည့် အသဲ၊ ကျောက်ကပ်၊ အဆုတ်၊ နှလုံး၊ ဦးဏှောက်တို့ကို ခွဲထုတ်ပြစ်ရပါသည်။ ထိုကလီစာများနှင့် မပုတ် မသိုးအောင် လုပ်နိုင်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်ပေသည်။ ထိုသို့အတွင်းမှ ကလီစာများကို ထုတ်ထားသည့် ဗိုက်ခွဲရာမရှိကြောင်း သိမြင်စေရန် ဗိုက်တော်ကို ရိုက်ပြသည်ဟု ယူဆမိပါသည်။

လူတိုင်းသည် အမျိုးမျိုး လိမ်ညာနေကြပါသည်။ အသက်ရှင်စဉ်တွင် မူဟန်အမျိုးမျိုးဖြင့် လိမ်ညာနိုင်သော်လည်း အသက်သေသောအခါတွင် ဘယ်လိုမှ လိမ်ညာလို့ မရနိုင်ပါ။ ထို့အပြင် ကျေးရွာလေးအတွက် မပုတ်မသိုးအောင် လိမ်လည်ဖို့ ဆေးနှင့်နည်းပညာမှာ များစွာ ဈေးကြီးလွန်းသဖြင့် မဖြစ်နိုင်ပေ။ ယခုအလောင်းတော်သည် ပြုပြင် စီရင်ထားခြင်းမရှိသော ဆရာတော်၏ အလောင်းတော်သာဖြစ်ပေါသည်။

ယခုလိုရှင်းပြရခြင်းမှာ ဆရာလုပ်ခြင်း မဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်တွေက မိမိတို့ ဘာသာကို အစွန်းရောက်လွန်းသော သံသယများရှိနေသောကြောင့် သိမှတ်ထားသည်များကို ဝေငှလိုက်ရခြင်းသာဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး ဇလွန်ဆရာတော်ကြီး၏ ရုပ်ကလတ်တော်ကို ကြည်ညိုရင်း အမျိုးသာသာ၊ သာသနာအတွက် ဂုဏ်ယူနိုင်ပါစေ။

I made this widget at MyFlashFetish.com.

Followers