Tuesday, August 25, 2009

တရုတ်မ များခြေထောက်သေးအောင် မစည်း ကြရန်

Print







တရုတ်ပြည်တွင် ရှေးအခါက အမျိုးသမီးငယ်များ အသက် ၆ နှစ်ထဲ ၀င်လာရင် မိခင်က အ၀တ်စဖြင့် သမီး၏ ခြေချောင်းများကို နေ.စဉ် ကောက်ညင်းထုပ်လို ထုပ်ပြီး စည်း ပေးကြပါတယ်။ နေ.စဉ်ပြန်ဖြေ ပေးပြီး တဖြည်းဖြည်း တင်းသည်ထက် တင်းအောင် စည်းပေးကြပါတယ်။ ကြာလာလျှင် ခြေချောင်းရိုးများ ကျိုးကာ ခြေဖ၀ါးအောက်မှာ ခေါက် နေသလို ဖြစ်သွားပါတယ်။ ဒါကြောင့် ထိုသူများဟာ မတ်တပ် ကြာကြာမရပ်နိုင်ကြတော့ပဲ အလွန်ဆုံး ရပ် နိုင်က ၁စက္ကန်. လောက်သာဖြစ်နိုင်သည်။

သမိုင်းကြောင်းကို ပြန်လှန်ကြည့်မယ်ဆိုရင် တရုတ်ပြည်တွင် ၉ရာစု က စတင်ပြီး ဘုရင်ရဲ. ကိုယ်လုပ်တော် အမျိုးသမီးဟာ သူမရဲ. ခြေထောက်ကို သေးအောင် စည်းထားခဲ့ပါတယ်။ ဘုရင့်သားတော် က သူမရဲ. ခြေထောက်သေးသေးကို အင်မတန် သဘောကျပြီး တော်ကောက် လိုက်ရာမှ ထိုဓလေ့ ကို စတင်ခေတ်စားလာခဲ့ ပါတယ်။ နောက်ပြီး ထိုခြေထောက်သေးများ က အမျိုးသား များ ဆွဲဆောင်နိုင်ကြောင်း တရုတ် ရှေး ကာမကျမ်းများ တွင် ဖော်ပြထားသည်ဟု သိရပါတယ်။ ဒါကြောင့် တခြား အမျိုးသမီးများက လိုက်အတုခိုးကြပါတော့တယ်။ မြန်မာပြည် အခေါ် တရုတ်ခြေသေးမ။ ထိုအမျိုးသမီးများဟာ အကူအညီမပါ ပဲ လမ်းကြာကြာ မလျှောက်နိုင်ပါဘူး။

လမ်းများများ မလျှောက်နိုင်သောကြောင့် ဒီလိုပြုလုပ်ခြင်းဖြင့် သူတို.ဟာ အိမ်အလုပ်များနှင့် ကလေးထိန်းခြင်းစသည်တို.ကို ကောင်းကောင်း အချိန်ပေးနိုင်ပြီး လုပ်ဆောင်နိုင်မယ်လို.လဲ ယူဆကြပါတယ်။ အိမ်နဲ. မီးဖိုချောင် အကူး လမ်းမလျှောက် နိုင်ရင် ထိုင်ရန် ထိုင်ခုံလေးများ ချထားလေ့ရှိကြပါတယ်။ ထိုင်ခုံ မရှိရင်လဲ သူတို.ဟာ လေးဖက်ထောက်၊ ဒူးထောက်ပြီး လိုရာ ကိုသွားကြပါတယ်။ သူတို.တွေ ဟာ အားလပ်တဲ့ အချိန်တွေမှာ သူ.တို.အတွက် ဖိနပ်ကို ကိုယ်ပိုင် ပြုလုပ်ရင်း အချိန်ကုန်လေ့ရှိပါတယ်။ ထိုပုံပန်းမကျသော ခြေထောက် အား အလှဆင်ခြင်း ကိုလည်း အနုပညာ တမျိုးလို. ယူဆခဲ့ကြပါတယ်။

ထူးဆန်းစွာနဲ. စိတ်မကောင်းစရာပါပဲ ခြေသေး မိခင်များက သူတို.ရဲ. သမီးများကို ခြေထောက် သေးအောင် အ၀တ်နဲ.စည်းဖို. စိတ်ထက်သန်ခဲ့ကြ ပြီး၊ ဆင်းရဲ တဲ့ မိဘများ ရဲ. အတွေးအခေါ်အရ သူတို.ရဲ.သမီးလေး ကို အနာဂတ်မှာ ကောင်းစား စေဖို. လမ်းဖွင့်ပေးခြင်း (သို.) ခြေထောက်သေး နေခြင်းဖြင့် ထိုအမျိုးသမီး၏ တန်ဖိုး ကို မြင့်တက်စေသည် ဟု၍လည်း ခံယူကြပါတယ်။

၁၉၁၁ ခုနှစ် တွင် ထို ကဲ့သို. ခြေထောက်သေးအောင် မစည်း ကြရန် ၀ရန်းထုတ် ထားခဲ့သော်လည်း တချို.တွေ မှာ လုပ်ရင်း တန်းလန်းများ နှင့် People Republic of China မထူထောင်ခင် ၁၉၄၉ ထိ ခိုးကြောင်ခိုးဝက် လုပ်နေကြတုန်းပါပဲ။ ဒါကြောင့် နောက်ဆုံး ခေတ် မှာ ခြေထောက်ကို စည်းခဲ့ကြသော ထိုခြေသေး တရုတ်မ များဟာ ယနေ.ခေတ် တွင် အသက် ၅၀ ကျော် များဖြစ်နေကြပြီး ထိုသေးငယ်သော ခြေထောက်များကြောင့် သူ.တို. လမ်းကောင်းကောင်း မလျှောက်နိုင်ကြတော့ ပါဘူး။


Written by Sai Tun   

ရေနွေးကြမ်းသောက်ခြင်း နှင့် နှလုံးခုန်ရုတ်တရက် ရပ်တန့်ခြင်းအကြောင်းသိကောင်းစရာ

" FWd: mail ကပါဘဲ တယ်ရင်းတို့ရဲ့ကျန်းမာရေးအတွက်ပါ .. အားလုံးကျန်းမာပျော်ရွှင်နိုင်ကြပါစေနော်.. "

Heart Attacks And Drinking Warm Water (ရေနွေးကြမ်းသောက်ခြင်းအကြောင်းနှင့် နှလုံးခုန်ရုတ်တရက် ရပ်တန့်ခြင်းအကြောင်းသိကောင်းစရာ)

This is a very good article. Not only about the warm water after your meal, but about Heart Attacks . The Chinese and Japanese drink hot tea with their meals, not cold water, maybe it is time we adopt their drinking habit while eating.
(ဒီဆောင်းပါးလေး ဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေး နဲ့ ပက်သက်တဲ့ ဆောင်းပါးလေးပါ။) ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့  သတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့  ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။ တရုတ်လူမျိုး နဲ့  ဂျပန်လူမျိုး တွေ ဟာ ထမင်းစားနေစဉ် မှာ ရေနွေး သောက်သုံးတဲ့  အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာ တော့ သူတို့ ဆီက
ထမင်းစား စဉ် ရေနွေးသောက်သုံး တဲ့  အလေ့ အထ ကို ကျွန်တော်တို့တွေပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။

For those who like to drink cold water, this article is applicable to you. It is nice to have a cup of cold drink after a meal. However, the cold water will solidify the oily stuff that you have just consumed. It will slow down the digestion. Once this 'sludge' reacts with the acid, it will break down and be absorbed by the intestine faster than the solid food. It will line the intestine.. Very soon, this will turn into fats and lead to cancer. It is best to drink hot soup or warm water after a meal.
ခုဆောင်းပါးလေး က တော့ ထမင်းစား ပြီး တော့ ရေခဲရေ သောက်သုံးသူတွေ အတွက် တော့ သက်ရောက်မှု့  ရှိပါတယ်။ (ကျွန်တော် ပေါ့ဗျာ။) တကယ်တော့ ထမင်းစားပြီးတော့ ရေခဲ ရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံးလိုက်ခြင်း ဟာ အတော် လေး အရသာရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲရေ က နေပြီးတော့ မကြာခင်က မှ စားသုံးထားတဲ့  အစာတွေ ကို ဆီခဲ တွေ လို အစိုင်အခဲ အဖြစ် ကို ရောက်စေပါတယ်။ ပြီးတော့ အဖတ်တွေကလဲ အက်စစ် အဖြစ် တုန့်ပြန်ပြီးတော့ အဲတာတွေ ကို ဖြိုခွဲ ပြီးတော့ အူနံရံ တွေ က နေပြီး အခဲ အစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲတာ တွေ ဟာ အူထဲ မှာ သွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာ တွေ ဟာ အဆီခဲ အဖြစ် ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါ ကို ဖြစ်စေ ဖို့  ဦးတည်နိုင်ပါတယ်။ အကောင်းဆုံး ကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ် ရေနွေးကြမ်းဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။

Common Symptoms Of Heart Attack... A serious note about heart attacks - You should know that not every heart attack symptom is going to be the left arm hurting . Be aware of intense pain in the jaw line .
(အရေးကြီးတဲ့  နှလုံးခုန်ရုတ်တရက် ရပ်တာမျိုး- သင်သိသင့်တာ ကတော့ နှလုံးခုန်ရုတ်တရက် ရပ်တန့် တဲ့  လက္ခာတွေ အားလုံးမှာ ဘယ်ဖက်လက်မောင်းကိုက်ခြင်းမျိုးမဟုတ်ပါ။ မေးရိုးတလျှောက် နာကျင်လာခြင်းဟာ လဲ သတိထားသင့်ပါတယ်။)

You may never have the first chest pain during the course of a heart attack.Nausea and intense sweating are also common symptoms. 60% of people who have a heart attack while they are asleep do not wake up. Pain in the jaw can wake you from a sound sleep. Let's be careful and be aware. The more we know, the better chance we could survive.
(နှလုံးခုန်ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာ တော့ သင်ဟာ ဘယ်တော့မှ ပထမရင်ဘတ်နာခြင်း ကိုခံစားရမယ်မဟုတ်ပါ။ဖျားနာခြင်းနဲ့ ချွေးထွက်လွန်ခြင်း တွေဟာလည်း အများဆုံးလက္ခဏာတွေ ပါပဲ။ ၆၀ ရာနှုန်းသော နှလုံးခုန်ရုတ်တရက် ရပ်တန့် ကြတဲ့  သူတွေ ဟာ အိပ်ပျော်နေယင်းကနေ ပြီး ပြန်လည် နိုးထလာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု့  က သင့် ကို နိုးထအောင်လုပ်နိုင်ပါတယ်။ ကျွန်တော် တို့ တစ်တွေ ဂရုပြုပြီး တော့ သတိထားရမှာပါ။ အဲတာ က ကျွန်တော် တို့  ဆက်လက် အသက်ရှင်ရပ်တည်ဖို့အခွင့်အရေးကောင်းဖြစ်ပါတယ်။

A cardiologist says if everyone who reads this message sends it to 10 people, you can be sure that we'll save at least one life. Read this & Send to a friend. It could save a life. So, please be a true friend and send this article to all your friends you care about.
(နှလုံးရောဂါအထူးကု တစ်ယောက် က ပြောတာ က ဒီစာ ကိုဖတ်မိသူတစ်ယောက် က နေ ပြီးတော့ နောက်ထပ် ၁၀ ယောက် ကို ဆက်ပေးပို့မယ်ဆိုယင် သင် နဲ့  ကျွန်ုပ်တို့  ဟာ အနဲ ဆုံး အသက်တစ်ချောင်း ကို ကယ်ဆယ်နိုင်မယ်ဖြစ်ပါတယ်။ ဒီဆောင်းပါးလေး ကို ဖတ်ပါ။ပြီးတော့ မိတ်ဆွေတစ်ယောက်ဆီ ကို ပို့ ပေးလိုက်ပါ။ ဒီလုပ်လုပ်ခြင်းဟာ အသက်တစ်ချောင်း ကို ကယ်ဆယ်ခြင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေကောင်း အဖြစ် နဲ့ သင့်သူငယ်ချင်းများ၊ မိတ်ဆွေများကို ဒီဆောင်းပါးလေး နဲ့ အတူ ဂရုတစိုက်ရှိဖို့  ပေးပို့ ဖြစ်အောင် ပို့ပေးလိုက်ပါဗျာ။

(ဆီလျှော် အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။)မူယင်း အဓိပ္ပါယ် နဲ့ အနီးဆုံး ဖြစ်အောင်ပါ။ မူယင်း ကို ကြိုက်ယင် လဲ ဘာသာပြန်ကို ဖြုတ်ထားပြီး ဆက်လက် ဖြန့်ဝေသွားစေချင်ပါတယ်။
ဘာသာပြန်ဆိုသူ
Tshwe04

Gmail Invisible လုပ်နည်းနှင့် offline အစစ်လား offline အတုလား သိချင်ရင်

Invisible လုပ်ထားနည်း(Gtalk ကိုပိတ်ပြီး Gmail ထဲမှချက်တဲ့အချိန်)
ဒါကတော့ရှင်းပါတယ်....Gmail ကိုဖွင့်လိုက်ပါ...ပုံမှာပြထားတဲ့အတိုင်း custom message ဘေးမှ Down arrow လေးကို နှိပ်လိုက်ပါ။
ကျလာတဲ့ box ထဲမှ Invisible ကို Click ပါ။မိမိကသာ တစ်ခြားသူများကို Online / Offline မြင်နိုင်ပြီး။တစ်ခြားသူအနေနဲ့ မိမိကို
Offline အနေနဲ့သာတွေ့မြင်ရမှာဖြစ်ပါတယ်....

တကယ်လို့ gtalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ အဲ့ဒီ့လူ တကယ် offline ဖြစ်မဖြစ်ကို သိချင်တယ် Invisible လုပ်ထားတာလားဆိုတာကို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါဗျာ။

(၁) google talk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။
(၂) send voicemail ရယ် call ရယ် စတဲ့ ခလုပ်တွေဘေးနားက အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။ go off the record ကို နှိပ်ပါ။
(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။ ဥပမာ… hi လို့ ရိုက်ပြီး ချက်ကြည့်ပါ။
(၄) monkey@gmail.com is offline and can’t receive messages right now. လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။
တကယ်လို့ ဘာမှ မပေါ်လာရင် သူ invisible လုပ်ထားတာပါ။
(၅) စစ်ပြီးသွားရင် “stop chatting off the record” ကို ပြန်နှိပ်ပေးပါ။
သို့မှသာ နောက်ပိုင်း သူနဲ့ ချက်ရင် gmail မှာ သူနဲ့ နောက်ပိုင်း ချက်တာတွေကို chat history မှာ ဂျီမေးလ်ကနေ ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။
မသိသေးတဲ့သူငယ်ချင်းများအတွက်သာ......
ကဲ ဘော်ဒါတို့ မင်းတို့ကို တသက်စာ ရှာကျွေးမယ့် မိန်းမကို ရွေးပေတော့ဗျို့




I made this widget at MyFlashFetish.com.

Followers