Monday, July 20, 2009

သင်သာ ကူညီနိုင်မှာပါ.. ဘယ်အချိန်လဲလို့ မေးရင် ယခုလက်ရှိအချိန်လေးပါ....

မင်္ဂလာပါ......

Myanmar Orphans Support Network (Myanmar-OSN) ဆိုတဲ့ အဖွဲ့လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ Myanmar-OSN ဆိုတာ မိဘမဲ့ကလေးငယ်တွေကို ထောက်ပံ့ဖို့ဖွဲ့ထားတဲ့ ကွန်ရက်လေး တစ်ခုပါ။ ဒီအဖွဲ့လေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်များ စာတတ်မြောက်စေရေး နှင့် စိတ်ဓာတ်မြှင့်တင်ပေးရေးတို့ ဖြစ်ပါတယ်။ ရေအိုင်ထဲမှာ ဖားသူငယ်လေးတွေလို ဖြစ်နေတဲ့ ဒီမိဘမဲ့ ဆင်းရဲနွမ်းပါးကလေးတွေကို ရေအိုင်ရဲ့ တစ်ခြားတစ်ဘက်က ကမ္ဘာကြီးအကြောင်းကို ပြသပေးချင်တာ ဒီအဖွဲ့လေးရဲ့ ဆန္ဒပါဘဲ။ သူတို့လေးတွေရဲ့ သိမ်ငယ်စိတ်တွေကို လျော့ချပြီး ယုံကြည်မှုတွေခိုင်မာလာစေကာ နောင်တစ်ချိန် သူတို့ရဲ့ဘဝတူ မောင်နှမများရှေ့မှာ သူတို့ရဲ့ ကြိုးစားမှုရလဒ်တွေကို မျှဝေပေးနိုင်တဲ့ ကလေးတွေဖြစ်အောင် ပြုစုပျိုးထောင်ပေးချင်တာလဲ ဒီအဖွဲ့လေးရဲ့ ရည်ရွယ်ချက်ပါဘဲ။ ဒီလို ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ အဖွဲ့လေးကို Inforithm-Maze ဆိုတဲ့ ကုမ္ပဏီနဲ့ သူ့ရဲ့ ဝန်ထမ်းများကနေ ၂၀၀၉ ခုနှစ် ဇွန်လ မှာ စဖွဲ့ခဲ့တဲ့အဖွဲ့လေးပါ။ ဒီအဖွဲ့လေးရဲ့ ပထမဆုံးခြေလှမ်းအဖြစ် ကျောင်းတစ်ကျောင်းကို ရွေးချယ်ပြီး လုပ်ဆောင်ရန် ဖြစ်ပါတယ်။ အခုလို စဉ်းစားပြီး ရှာကြည့်လိုက်တဲ့အခါ မင်္ဂလာဒုံ၊ ထောက်ကြန့်နားက ဆင်းရဲနွမ်းပါးတဲ့ သီလရှင်သင် အမျိုးသမီးကျောင်း တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဒီကျောင်းကို Myanmar-OSN ရဲ့ ထောက်ပံ့ပေးမှုလုပ်ဆောင်ရန် ပထမဆုံး ကျောင်းအဖြစ် ရွေးချယ် သတ်မှတ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဒီကျောင်းလေးကို သွားရောက်လေ့လာဖြစ် ခဲ့ကြပါတယ်။

(၂၁.၆.၂၀၀၉) တနင်္ဂနွေနေ့က ကာယ (၁၂)လမ်း၊ ဒေါ်ငိုတံတားလမ်း၊ သင်္ဃန်းကျွန်းကြီးအနီး၊ မင်္ဂလာဒုံမြို့နယ်က မြသိင်္ဂီ သီလရှင်စာသင်တိုက် (သီလရှင်သင် အမျိုးသမီးပညာရေး၊ ပရဟိတကျောင်း) ကို Myanmar-OSN အဖွဲ့မှ အဖွဲ့ဝင်တစ်ချို့ မှ သွားရောက် လေ့လာခဲ့ပါတယ်။ ကျောင်းက အမှတ် (၃) လမ်းမကြီးကနေ ဝင်ရင် (၂၀) မိနစ်လောက် ကားမောင်းဝင်ရပါတယ်။ ကျောင်းက လမ်းမတန်းမှာလည်းမဟုတ်သလို လွယ်လွယ်ကူကူသွားရောက်လို့ရနိုင်တဲ့ နေရာလေးလည်းမဟုတ်ပါဘူး.... လမ်းတလျှောက်လုံးမှာ ၀ါးပင်တန်းလေးတွေနဲ့ တမျိုးတဖုံ တော့ စိတ်ဝင်စားစရာ ကောင်းပါတယ်... အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကလေးတွေနဲ့ ပတ်ဝန်းကျင်ဟာ ပညာသင်ကြားပေးရန် အများကြီးလိုအပ်နေသေတဲ့ အနေအထားတွေကိုတွေ့ရပါတယ်... လူနေမှုစရိုက် ပညာလိုချင်မှု စိတ်နေစိတ်ထား ထောက်ပံ့မှုနဲ့ စာနာမှုတွေ အများဆုံးလိုအပ်နေတဲ့ နေရာတစ်ခုလို့ပြောရမှာပဲဖြစ်ပါတယ်... ဒီလိုနေရာမှာ ဒီလိုစွန့်လွှတ်စွန့်စားတဲ့စိတ်ကူးနဲ့ စာသင်တိုက်တစ်ခုကို ရဲရဲဝင့်ဝင့် တည်ထောင်ထားတဲ့ သီလရှင်ဆရာကြီးတွေရဲ့ စိတ်နေစိတ်ထားကတော့ အဖွဲ့ဝင်များကိုယ်တိုင် ကြောက်ခမန်းလိလိ လေးစားခဲ့ရတဲ့ နေ့ရက်တစ်ရက်ပဲဖြစ်ပါတယ်... ကလေးတွေအပေါ်ထားတဲ့ မေတ္တာတရားတွေကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရတဲ့အတွက် သဒ္ဒါစိတ်တွေ အလိုလိုပေါ်ထွန်းလာခဲ့ပါတယ်...

မြသိင်္ဂီ သီလရှင်စာသင်တိုက် (သီလရှင်နှင့် အမျိုးသမီးများ သင်ကြားပေးနေသော ပရဟိတကျောင်း) ကျောင်းထိုင်သီလရှင်ဆရာကြီးရဲ့ ဘွဲ့အမည်ကတော့ ဒေါ်သီလဝတီပါ။ အသက်ကတော့ (၄၀) နှစ် ဝါတော် (၂၈) နှစ် ဖြစ်ပါတယ်။ ကျောင်းကို ၂၀၀၂ ခုနှစ်က စတင် တည်ထောင်ခဲ့တယ်။ အဆိုပါကျောင်းတွင် ကျောင်းသားကျောင်းသူများ လက်ခံရာ၌ (၃) မျိုး လက်ခံပါတယ်။ အတိုကောက် အနေနဲ့မှတ်ရမယ်ဆိုရင်တော့ " စုံ ၊ ပဲ့ ၊ မဲ့ " လို့သတ်မှတ်ထားကြောင်း သိရပါတယ်... မိဘစုံလင်ပေမယ့် ဆင်းရဲနွမ်းပါးနေတဲ့ ကလေးတွေ၊ မိဘ နှစ်ဦးမှာ တစ်ဦးဦးပဲ့နေတဲ့ ကလေးတွေနဲ့ မိဘလုံးဝမဲ့နေတဲ့ကလေးတွေ အားလုံးကို ပညာသင်ကြားပေးနေသော၊ ထိုက်သင့်သလောက် ကျွေးမွေးစောင့်ရှောက် ပေးနေတဲ့ ကျောင်းတစ်ခုဖြစ်ကြောင့် လေ့လာသိရှိရပါတယ်.. လက်ရှိအခြေအနေမှာ " စုံ ၊ ပဲ့ ၊ မဲ့ " ကလေးစုစုပေါင်း (၅၇၃) ယောက် ကို စာသင်ကြားပေးနေပြီး ကျောင်းမှာ သီလရှင် နဲ့ မိဘမဲ့ကလေး အရေအတွက် (၈၀) ကျော် နေထိုင်ပါတယ်။ သူငယ်တန်းကနေ အဌမတန်းအထိ စာသင်ကြားပေးတဲ့ ဒီကျောင်းလေးကို ၂၀၀၂ ခုနှစ်ကစပြီး အစိုးရက တရားဝင် အသိအမှတ်ပြုဖွင့်လှစ်ပေးခဲ့ကြောင်းသိရပါတယ်။ ကျောင်းပိတ်ရက်ကတော့ အဖိတ်နေ့နဲ့ ဥပုသ်နေ့ တွေကို သတ်မှတ်ထားပါတယ်။ မနက်ပိုင်းတွင် ကလေးငယ်များ လိမ္မာယဉ်ကျေးလာစေရန်အတွက် အဘိဓမ္မာနှင့် ဓမ္မာစရိယတန်းများဖွင့်လှစ်သင်ကြားပေးပီး နေ့လည်၁၂ နာရီမှ ညနေ (၅)နာရီအထိ ကိုတော့ စာပေအတန်းပညာကို သင်ကြားပေးနေတာကို တွေ့ရပါတယ်..။

ဒီကျောင်းလေးက ကားလမ်းမနဲ့ တော်တော်လေးအလှမ်းဝေးတဲ့ကျောင်းလေးတစ်ကျောင်းပါ .. စာနာထောက်ထားမှု နဲ့ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်မှုကို လိုလားနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ လှူချင်တယ်ဆိုရင် လှူသင့်တဲ့ စာသင်တိုက်လေးတစ်ခုဖြစ်ပါတယ်... နေ့စဉ်စာသင်ကြားနေတဲ့ကလေးတွေကို ကျွေးမွေးမှုစရိတ် ၊ ပညာသင်ကြားမှုစရိတ်နဲ့ လူတန်းစေ့ဝတ်စားနိုင်ရေးအတွက် ထောက်ပံ့နေရတဲ့စရိတ်တွေက မသိသာပေမယ့် မလွယ်ကူတဲ့ စရိတ်တွေပဲဖြစ်ပါတယ်.. အလှူငွေ သိပ်မရှိတဲ့ကျောင်းဖြစ်သလို ရတဲ့အလှူငွေနဲ့လုံလောက်အောင် အသုံးပြုလုပ်ဆောင်နေရတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်... ။ လက်ရှိမှာ အလိုအပ်ဆုံးဖြစ်နေတဲ့အရာကတော့ အလျား ပေ (၉၀) အနံ ပေ (၃၀) ရှိတဲ့ ကျောင်းဆောင်တစ်ဆောင်ဆောက်ဖို့ ပဲဖြစ်ပါတယ်.. အနီးပတ်ဝန်းကျင်ကနေ ကျောင်းလာတက်တဲ့ကလေးတွေက ပိုပြီးတိုးလာတဲ့အခါ စာသင်ဆောင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်... ခန့်မှန်း တန်ဖိုးငွေ သိန်း (၃၀၀) ဝန်းကျင်ဖြစ်ပြီး။ တနင်္ဂနွေလိုနေ့မျိုးတွေမှာလည်း အချိန်ပိုသင်တန်းများကို သဒ္ဒါတရားထက်သန်သော အစိုးရစာသင်ကျောင်းမှ ဆရာမများကိုယ်တိုင် ဒါနအဖြစ် စာသင်ကြားပေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ နောက်လဆန်းမှာ ဒီကျောင်းလေးကို စာအုပ်တွေ သွားလှူမှာ ဖြစ်ပါတယ်။ ကလေးများအတွက် စာအုပ်စာတမ်း၊ အင်္ကျီ၊ အလှူငွေများ လူဒါန်းလိုပါက မသွားမီ လာရောက်လှူဒါန်းနိုင်ပါတယ်။ လူမှုရေး ၊ ကျန်းမာရေး နဲ့ ပညာသင်ကြားရေးအတွက် လိုအပ်တဲ့ထောင့်တစ်နေရာကနေ ပါဝင်လှူဒါန်းနိုင်ပါကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည်.....

Myanmar-OSN ရဲ့ ပထမဆုံးသော ဒီလှုပ်ရှားမှုလေးမှာ ပါဝင်ချင်တဲ့ စာနာတတ်သူတွေကို Myanmar-OSN အဖွဲ့မှ ကြိုဆိုပါတယ်။

ဆက်သွယ်လှူဒါန်းနိုင်တဲ့ လိပ်စာကတော့ -

Khin Myat Myat Naing
Humanitarian Project Coordinator
Inforithm-maze Company Limited, 10th floor, Lapyaewon Plaza, Dagon Township, Yangon.
Telephone :+95 1 243542, 386 459, 373629
Email : khinmyat2naing@gmail.com
Website : http://www.facebook.com/topic.php?uid=88745803980&topic=8871&ref=mf#/topic.php?uid=88745803980&topic=8871

လူငယ်များ၏ ရည်းစား မရှိခြင်းကောင်းကျိုး (၁၁) ချက်\ရှိခြင်းကောင်းကျိုး (၁၁) ချက်

လူငယ်များ၏ ရည်းစား မရှိခြင်းကောင်းကျိုး (၁၁) ချက်
(၁) Online ဖိုးပိုက်ဆံ အကုန်အကျသက်သာခြင်း

(၂) အပို့အကြိုကိစ္စ ဖြစ်သော ဖယ်ရီ မရှိခြင်း

(၃) အချော့ရသက်သာခြင်း စိတ်ပင်ပန်းဆင်းရဲမှုမှ ကင်းဝေးစေခြင်း

(၄) မုန့်ဖိုးအား လောက်ငှစွာ သုံးစွဲလို့ရခြင်း

(၅) အချိန်မရွေးနေရာမရွေး လွတ်လပ်စွာနေထိုင်နိင်ခြင်း

(၆) အစားမှန် အအိပ်မှန် အထမှန်ခြင်း နှင့် ကျန်းမာရေးကောင်းနေခြင်း

(၇) အိမ်မှ ဖုန်းဘေ ငွေနှုန်းများ သက်သာလာခြင်း

(၈) ပါးစပ်အားနံစေသော ဆေးလိပ် ၊ ကွမ်းယာ ၊ သေရည် ၊ ဒညင်းသီးများအား
အချိန်မရွေး စားသုံးလို့ရခြင်း

(၉) ရည်းစာမရှိ၍ သူငယ်ချင်းအား ရင်မဖွင့်ရသဖြင့် သူငယ်ချင်းဖြစ်သူက
နားညီးသက်သာသောကြောင့် သင့်အား အလိုက်အသင့် ဆက်ဆံခြင်း

(၁၀) ရည်းစားမရှိပါက ဘီယာတိုက်တဲ့ ပိုက်ပိုက် သက်သာစေခြင်း
(ဘီယာတိုက်ပြီး ရင်ဖွင့်တဲ့သူရှိလို့ပါ)

(၁၁) ရည်းစား၏ နားပူနားစာ ၊ အမိန့်များ ကင်းဝေးခြင်း တို့ဖြစ်ပါသည်။

လူငယ်များ၏ ရည်းစား ရှိခြင်းကောင်းကျိုး (၁၁) ချက်
(၁) လူအများကြား၌ ကြွားကြွားဝါ၀ါ နေနိုင်ခြင်း

(၂) ကိုယ်မရှိရင် သူပေး သူမရှိရင် ကိုယ်ပေး စွာနေနိုင်ခြင်း

(၃) ငှက်ပျောတုန်းဖက်သေစရာ မလိုခြင်း

(၄) ဟုတ်ဟုတ် မဟုတ်ဟုတ် လူရှိန်နေခြင်း

(၅) ကိုကို ၊ မောင် ၊ ချစ် ၊ မ ၊ မေ လို့ ယုယစွာ
စကားလုံးများအကန့်အသက်မရှိ ပိုင်ဆိုင်စေခြင်း

(၆) Web site ပေါ်တွင်ကဗျာ များသစ်လွင်နေခြင်း နှင့်
လန်းဆန်းတက်ကြွနေခြင်း

(၇) လက်သည်းခြေသည်း ရှည်ခြင်းမှကင်းဝေးစေခြင်း နှင့် တစ်ကိုယ်ရေ
သန့်ရှင်းမှု ရှိခြင်း

(၈) ရည်းစားမရှိသူအား နှိမ်၍ မင်းမှာရောရည်းစားရှိလို့လားလို

မေးလို့ရခြင်း

(၉) ဆောင်းတွင်းဖြစ်သည့်တိုင်အောင် အနွေးထည် ၀ယ်ရသည့် ပိုက်ပိုက်
သက်သာစေခြင်း

(၁၀) ပိုက်ဆံချေးလို့ရခြင်း နှင့်

(၁၁) နောက်ဆုံးရုံတင် ရုပ်ရှင်ကားများ အဆက်မပြက် ကြည့်ရခြင်း တို့ပဲ
ဖြစ်ပါသည်

ရုတ်တရက်လေဖြတ်ခံရသောလူနာကို သွေးဖောက်ပြီး အမြန်ကယ်ဆယ်ကုသနည်း

(၁)။ ။လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သောနေရာမှ ရွှေ.ပြောင်းသယ်မခြင်း မပြုရပါ။
ထိုသို့ချက်ခြင်းရွှေ.ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော လှုပ်ရှားခြင်းဒဏ်များကြောင့်
ဦးနှောက်သွေးကြောငယ်များကို လျှင်မြန်စွာပေါက်ကွဲစေပြီး လူနာ၏အခြေအနေကို ပိုဆိုးစေပါသည်။
ထို.ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။
(၂)။ ။လူနာကိုဖြစ်သည့်နေရာတွင်ပင် အသာထူမပေးပြီး ပြန်လဲမကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။
လူနာကိုယ်တိုင်မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော
ဆေးထိုးအပ် (သို.) လက်အပ်ဖြင့် လူနာ၏လက်ချောင်းဆယ်ချောင်းထိပ်ဖျားများကို
(ပဲစေ့ခန်.) သွေးတစ်စက်စီထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့်
ညှစ်ထုတ်ပေးပါ။ ထိုသို. သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည်သတိရလာပါလိမ့်မည်။
(၃)။ ။လူနာပါးစပ်ရွဲ.သွားပါက လူနာ၏နားရွက်နှစ်ဖက်ကို နီလာသည်အထိလက်ဖြင့် ပွတ်သပ်ပေးပါ။
နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့်နေရာ) ကို ပိုးသတ်ထားသောအပ်ဖြင့် တစ်ဖက်လျှင်
နှစ်ပေါက်စီဖောက်ပေးပါ။ နားရွက်နှစ်ဖက်လုံးမှ (ပဲစေ့ခန်.) သွေးနှစ်စက်စီထွက်လာပြီး မိနစ်ပိုင်းအတွင်း
ရွဲ.နေသောပါးစပ် ပြန်တည့်သွားပါလိမ့်မည်။
(၄)။ ။ထိုအခြေအနေရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို. ခေါ်သွားစေလိုပါသည်။
ထိုအခြေအနေရောက်အောင်စောင့်ပြီးမှ ဆေးကုသခံစေပါက (၁)အကြောသေခြင်း (၂)ကိုယ်တစ်ခြမ်းသေခြင်း
(၃)ခြေလက်လှုပ်မရခြင်း (၄)စကားမပီသခြင်း စသည်တို.လုံးဝမဖြစ်နိုင်တော့ပါ။

လက်တွေ.ပျောက်ကင်းသက်သာစေသောနည်းဖြစ်ပါသည်။ လေဖြတ်ခြင်းဝေဒနာမှ ကင်းဝေးစေရန်အတွက် ကုသိုလ်ပြု
လိုက်ပါသည်။
တရုတ်ပြည်မှပေးပို.သော တရုတ်ရိုးရာဆေးကျမ်းမှ တိုက်ရိုက်ဘာသာပြန်ဆိုထားပါသည်။


တင်ပြသူကleiwaimon

မိကျောင်းထဲက ဘာကြီးလဲ

ကျွန်းစုမြို့နယ်၊ မိကျောင်းဖမ်းမိ

အသည်းယားစရာတော့အကောင်းသား
ဒါပေမဲထမင်းမစားခင်ကြည့်နော်
ပြီးမှအကုန်ပြန်အန်ထွက်ကုန်မယ်



မဟာစည်ဆရာတော်နှင့် နတ်ပြည်မှနတ်မင်းတို့တရားဆွေးနွေးပုံကိုနားဆင်ကြပါ

မြန်မာနိုင်ငံမှာ နေလိုလလိုထင်ရှားတဲ့ဆရာတော်တစ်ပါးဖြစ်တဲ့
မဟာစည်ဆရာတော်ဘုရားကြီးလက်ထက် ၁၉၅၂ ခုနှစ်မှာ ရိပ်သာမှာ တရားလာအားထုတ်တဲ့
ရသေ့မလေးတစ်ပါးဟာ ရိပ်သာရောက်ပြီး ၁၀ ရက်အကြာမှာ
သူများနားမလည်တဲ့စကားတွေပြောနေသံ ကြားရတာကြောင့် သူ့ကို ဆရာတော်ကြီးဆီကို
ခေါ်သွားကြပါတယ်။ ဆရာတော်ကြီးနဲ့တွေ့တော့ သူဟာ နတ်ပြည်က
နတ်မင်းတစ်ပါးဖြစ်ကြောင်းနဲ့
ဆရာတော်ကြီးနဲ့တရားစကားဆွေးနွေးလိုကြောင်းတို့ကို
ပါဠိဘာသာနဲ့လျှောက်ကြားပါတယ်။ ဆရာတော်ကလည်း နောက်တစ်နေ့ညမှာ
ဆွေးနွေးကြမယ်လို့ ချိန်းဆိုလိုက်ပါတယ်။

နောက်တစ်နေ့ရောက်လို့ အချိန်ကျတော့ ရသေ့မလေးပါးစပ်က
ပါဠိစကားသံတွေထွက်လာပြီး ဆရာတော်နဲ့ နိမ္မာနရတိနတ်ပြည်က နတ်သားတစ်ပါးတို့
(ရသေ့မလေးကိုကြားခံပြီး) အမေးအဖြေလုပ်ကြပါတယ်။ ဒီ စကားဝိုင်းကို
ဆရာတော်ရဲ့တကာတွေက အသံဖမ်းယူထားပြီး မြန်မာဘာသာပြန်လို့ မြန်မာ့အသံကနေ
တစ်နိုင်ငံလုံးကို ထုတ်လွှင့်ဖို့ပြင်နေတုန်း သတင်းစာဆရာတစ်ယောက်က
“နတ်နဲ့လူနဲ့ စကားပြောတာဟာ ယုံတမ်းစကားပဲ။ မဖြစ်နိုင်ဘူးလို့”
ဝေဖန်လိုက်ပါတယ်တဲ့။ ဒါနဲ့ပဲ ဆရာတော်ကြီးက အဲဒီအချိန်က
ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးနုကိုခေါ်ပြီး မလွှင့်နဲ့တော့လို့ တားလိုက်ပါတယ်။
အကြောင်းကတော့ ဒီအသံကိုလွှင့်ခြင်းဖြင့် အကျိုးရှိသူတွေရှိနိုင်သလို
အကျိုးမရှိသူတွေလည်း ရှိနိုင်တယ်လို့ ယူဆလို့ပါတဲ့။

မြန်မာ့အသံကနေ အသံမလွှင့်နိုင်ခဲ့ပေမယ့် အသံဖမ်းထားတဲ့ ဒီတိပ်ခွေကို
လက်ဆင့်ကမ်းထိန်းသိမ်းထားသူတွေရှိတာကြောင့် အခု ဒီဂျစ်တယ်ခေတ်မှာ
ပြန်လည်နာကြားခွင့်ရကြပါတယ်။ ဒီ နတ်နဲ့လူနဲ့ တရားဆွေးနွေးတဲ့ပွဲမှာ
ရှေ့ပိုင်းမှာ နတ်သားတစ်ပါးနဲ့ နတ်သမီးနှစ်ပါးတို့ရဲ့ ပါဠိဂါထာနဲ့
ဆရာတော်ကို ချီးကျူးပူဇော်တဲ့အသံတွေကို ကြားရမှာဖြစ်ပြီး နောက်ပိုင်းမှာ
ဒီစကားဝိုင်းရဲ့အဓိကနတ်သား (ကောသန္တရအမည်ရှိနတ်သား)နဲ့
ဆရာတော်ဘုရားကြီးတို့ ပါဠိဘာသာနဲ့ အမေးအဖြေလုပ်ကြတဲ့အသံကို နာကြားရမှာ
ဖြစ်ပါတယ်။ (ပါဠိကနေ မြန်မာလိုပြန်ပေးထားတာကို အမေးအဖြေတစ်ခုနဲ့
တစ်ခုကြားမှာ ကြားရမှာပါ) နတ်သားက ကြားခံပုဂ္ဂိုလ်လုပ်ပြီးစကားပြောနေတဲ့
ရသေ့မလေးဟာ ရိုးရိုးစာကိုသာဖတ်တတ်ပြီး ပါဠိလိုလုံးဝမတတ်ကြောင်းနဲ့
နောက်ပိုင်းမှာ ရသေ့မလေးရဲ့ပင်ကိုအသံကိုပါ ခွဲခြားနိုင်အောင်
ထည့်သွင်းပေးထားကြောင်း အသံဖိုင်ရဲ့ရှေ့ပိုင်းမှာ ရှင်းပြထားပါတယ်။
ဒီနေရာမှာ နတ်သားနတ်သမီး တွေပြောတဲ့ ပါဠိနဲ့
မြန်မာပြည်မှာသုံးစွဲပြောဆိုတဲ့ ပါဠိတို့အနည်းငယ်ကွာခြားတာကိုလည်း
သတိထားမိမှာဖြစ်ပါတယ်။





လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ နီးပါး (၁၉၅၂ခုနှစ်)က
အလွန်ရှားပါးတဲ့အခွေဖြစ်ပါတယ်။ ကြည်ညိုသဒ္ဓါပွားနိုင်ကြပါစေ။
အောက်ပါလိပ်စာမှာ သွားရောက်ပြီး ရယူနိုင်ပါတယ်။

http://www.dhammaransi.net/Audio/maharsiandnatmingyi.mp3

I made this widget at MyFlashFetish.com.

Followers