Tuesday, July 21, 2009

အသက်အရှည်ဆုံး လူသားတို့ရဲ့ အစားအသောက်များ

အသက်အရှည်ဆုံး လူသားတို့ရဲ့ အစားအသောက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)က ၂၀၀၇ ခုနှစ် မေလ ၂၈ ရက်နေ့မှာ ၂၀၀၇ခုနှစ် ကမ္ဘာ့ကျန်းမာရေး စာရင်းဇယား အစီရင်ခံထုတ်ပြန်လိုက်တယ်။ အဲဒီ အစီရင်ခံစာရဲ့ ဖော်ပြချက်အရ ဥရောပတိုက်က အသေးငယ်ဆုံး နိုင်ငံလေးဖြစ်တဲ့ ဆန်းမာရီးနိုင်း(San Marnino) နိုင်ငံရဲ့ အမျိုးသားတွေဟာ ကမ္ဘာမှာ ပျမ်းမျှ သက်တမ်းအရှည်ဆုံးပဲလို့သိရပါတယ်။ ပျမ်းမျှသက်တမ်း (၈၆) နှစ်ရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲဒါကို အခြေခံပြီး စာရေးစရာက ဆန်းမားရီးနိုး လူသားတွေရဲ့အစားအသောက်တွေကို စူးစမ်းလေ့လာပြီး ရေးသားဖော်ပြတာကို ဘာသာပြန်လိုက်ပါတယ်။

မောင်မောင်လှိုင်(အပ်စိုက်ကု)
၂၀၀၉ ဧပြီလထုတ် ကလျှာမဂ္ဂဇင်းမှ ကူးယူပါသည်။

ဆန်းမာရီးနိုးနိုင်ငံစာ အီတလီနိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံငယ်လေးဖြစ်ပါတယ်။ လေးဘက်လေးတန်ကို အီတလီနိုင်ငံက ဝိုင်းရံထားပြီး မြေဧရိယာ ၆၁.၉ ကီလိုမီတာရှိပြီး အဒရီယားတစ် ပင်လယ် (Adriatic Sea)နဲ့ ၂၁ ကီလိုမီတာဝေးပါတယ်။ လူဦးရေ ၂၃,ဝဝဝ ကျော်သာ ရှိပါတယ်။ တောင်ကုန်း အနိမ့်အမြင့် များပြားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ တစ်နှစ်လုံးရဲ့ ပျမ်းမျှ အပူချိန်က ၁၆ံC = ၂၈.၈ ဒီဂရီဖာရင်ဟိုက်ရှိပြီး ဆောင်းတွင်း အအေးဆုံး အချိန်မှာ ၂ံဆဲဆီးရပ်(စ်) နဲ့ နွေအပူဆုံး အချန်က ၃၀ံC = ၅၄ ဒီဂရီ ဖာရင်ဟိုက်ပဲရှိပါတယ်။ သမပိုင်း ဇုံရဲ့ မြေထဲ ပင်လယ်ဒေသရာသီဥတုမျိုး ပါပဲ။

ဆန်းမာရီးနိုင်းရဲ့ အုပ်ချုပ်ရေးက တည်ငြိမ်ရိုးစင်းငြိမ်သက်တယ်။ ပြည်သူတွေရဲ့ ဘဝနေထိုင်မှုကလည်း တည်ငြိမ်ဖြောင့်စင်းတယ်။ ဆန်းမာရီးနိုးဟာ ကမ္ဘာမှာ ရှေးအကျဆုံး သမ္မတနိုင်ငံအမျိုးအစားမှာ ပါဝင်တယ်။ ရှည်ကြာတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးပုံစံရှိတယ်။ ရွေးချယ်ခံပုဂ္ဂိုလ် ၆၀ ပါဝင်တဲ့ လွှတ်တော်က နှစ်ဝက်တိုင်းမှာ ပုဂ္ဂိုလ်နှစ်ဦးကို ရွေးချယ်ပြီး အုပ်ချုပ်စေတယ်။ ပ-ဒု မခွဲဘူး။ နှစ်ဦးပူးပေါင်းပြီး ရှိသမျှ ပြဿနာအားလုံးကို ဖြေရှင်း တယ်။ နှစ်ဝက်ပြီးသွားပြီးတဲ့နောက် ဘယ်လောက်ပဲ တော်သည်ဖြစ်စေ ညံ့သည်ဖြစ်စေ မုချ အသစ်ထပ်မံ ရွေးချယ်သတ်မှတ်တယ်။ နောက်ထပ်လူသစ် နှစ်ယောက်ကို စီပုံ အုပ်ချုပ်စေတယ်။ ဘယ်သူပဲ အုပ်ချုပ် အုပ်ချူပ် ပြည်သူတွေရဲ့ စားဝတ်နေရေး အဆင့်တန်း မြင့်တင်ရေးကို သာ ဦးစားပေးရတယ်။ အဲဒါကြောင့် ဆန်းမာရီးနိုးနိုင်ငံကို လူကြီးလူကောင်းနိုင်ငံတခုလို့ ခေါ်ဝေါ်ကြပါတယ်။ ညအိပ်တဲ့ ခါ တံခါးပိတ်ဖို့မလိုပါဘူး။ လမ်းမပေါ်ကျကျန်ရစ်တဲ့ ပစ္စည်းကို ဘယ်သူမှ မကောက်ဘူး။ ကမ္ဘာလှည့် ခရီးသည်တွေရဲ့ လက်ဆွဲအိပ် ဘယ်နေရာမှာပဲ မေ့ကျန်ရစ်ခဲ့ ကျန်ရစ်ခဲ့ ဘယ်အချိန်ပြန်လာယူ ပြန်လာယူ၊ မေ့ကျန်ရစ်တဲ့ နေရာမှာ ပြန်ရှာတွေ့လိမ့်မယ်။ ဒါမှမဟုတ် တာဝန်ရှိ ဌာန တခုခုက အခမဲ့ သိမ်းဆည်းထားပေးလိမ့်မယ်။ ဘယ်သူမှ ကိုယ့်ပစ္စည်းမဟုတ်ရင် ယူဆောင်သွားလိမ့် မရှိဘူး။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ နေထိုင်ရတဲ့အတွက် လူတွေမှာ စိတ်ဖိစီးမှု အလွန်နည်းတယ်။ အပြန်အလှန် လေးစားကြတယ်။ စိတ်ဝေဒနာရောဂါသည် အလွန်နည်းတယ်။ လူတွေ ကျန်းမာရေးကောင်းကြတာ အဓိပ္ပာယ် ရှိပါတယ်။ ဒါကြောင့်လည်း ဆန်းမာရီးနိုး လူတွေ အသက်ရှည်တာ မဆန်းလှပါဘူး။

အစား အသောက်နှင့် ပတ်သက်ပြီး ဆန်းမာရီးနိုး လူမျိုးတွေရဲ့ ဆိုစမှတ်စကားတခွန်းကတော့ “ပေါင်မုန့် + စပျစ်ဝိုင်+သံလွင်ဆီ အသက် ၉ ဆယ် ၉ ထိ ရှည်မည်” တဲ့။ သူတို့စားတဲ့ပေါင်မုန့်က များသောအားဖြင့် နူးညံ့တဲ့ ဂျုံမှုန့်နဲ့ လုပ်တာမျိုးမဟုတ်ဘဲ ဂျုံအကြမ်းမျိုး “Whole wheat flour” နဲ့ လုပ်တဲ့ ပေါင်မုန့်မျိုးသာ စားကြတယ်။ ဗီတာမင်မျိုးစုံ ပါဝင်ပြီး သွေးကြောများ ကျန်းမာရေးအတွက် အကျိုးပြုတယ်။ ဘာကြောင့်လဲ ဆိုတော့ အစာဖိုင်ဘာမျှင်ကြမ်းများ ပါဝင်နေလို့ပါပဲ။စပျစ်ဝိုင်ထဲမှာ ခန္ဒာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်စစ်များ (Essential Aminaacids)နဲ့ စိုးစဉ်းလိုအပ် သတ္ထုဒြပ်စင်များ အများ အပြား ပါဝင်တဲ့ အပြင် ဗီတာမင် B အုပ်စု ပေါကြွယ်ဝတယ်။ အထူးသဖြင့် စပျစ်ဝိုင်မှာ သွေးဥမွှာများ မူမမှန်ဘဲ စုခဲသွားနိုင်မှုကို ထိန်ချုပ်တားဆီးနိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် သွေးမျှင်ကြောများ သွေးကြောများကို ချဲ့ပေးတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးတယ်။ သွေးလွှတ်ကြောအတွင်း ဆန်ပြုတ်ဖတ်လို အနယ်ထိုင်ပြီး ချိုးဖြစ် မာကျစ်သွားနိုင်မှုကိုလည်း ကာကွယ်တယ်။ သွေးအတွင်း ကိုယ်လက်စထရော တိုးပွားလာမှုကိုလည်း ကာကွယ်တယ်။ သံလွင်ဆီကတော့ ဆီထွက်တဲ့ သံလွင်ဆီကနေ တိုက်ရိုက်ညှစ်ယူရရှိတဲ့ သစ်သီး သတ္တုရည်ပဲ။ အရေဓါတ်ကို ခွဲထုတ်ပစ်လိုက်ပြီး ရရှိတဲ့ အဆီဟာ Monounsaturated fatty acid ၈၀% ကျော်ကျော်ပါဝင်နေတယ်။ လူ့ခန္ဓာကိုယ်က လိုအပ်တဲ့ စံချိန်နဲ့ကိုက်ညီတဲ့ အချိုးအစားပါပဲ။ နှလုံးသွေးလွှတ်ကြောဆိုင်ရာ ပြဿနာများကို အများကြီး လျှော့ချပစ်နိုင်တယ်။ သွေးချို၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါတို့ကို ကောင်းကောင်း တားဆီး ကာကွယ်ပေးနိုင်တယ်။ ပေါင်မုန့်၊ စပျစ်ဝိုင်၊ သံလွင်ဆီတို့ဟာ ဆန်းမာရီးနိုး လူမျိုးတို့ရဲ့ နေ့စဉ်မစားမဖြစ်တဲ့ အစာ မျိုးဖြစ်ကြပါတယ်။

အဲဒီ သုံးမျိုးအပြင် ဆန်းမာရီးနိုးလူမျိုးတွေ စားလေ့ရှိကြတဲ့ ဟင်းသီးဟင်ရွက်တွေကတော့ ခရမ်းချဉ်သီး၊ မုန်ညှင်းဖြူရွက်၊ မုန်လာဥနီ၊ ဆလပ်ရွက်၊ အာလူး၊ မှိုပွင့်၊ ကညွတ် တို့ကို အသားတစ်မျီုးမျိုးဈ ကမာကောင်အသား၊ ကင်းမွန်၊ ဖားသားတို့ တစ်မျိုးမျိုးနဲ့ ရောချက်ပြီး စားတတ်ကြပါတယ်။ ဆန်းမာရီးနိုး လူမျိုးတွေ ဒီလို အသက်ရှည်ကြတာစာ သူတို့ရဲ့ အစားအသောက်ပုံစံနဲ့ အများကြီး ပတ်သက်တယ်လို့ ယူဆကြပါတယ်။

မောင်မောင်လှိုင်(အပ်စိုက်ကု)
Ref: တရုတ်ပြည်၊ အန်ဟွေးပြည်နယ်၊ သက်ကြီးရွယ်အိုများ ကုသရေးနဲ့ ကျန်းမာသက်ရှည်ရေး သူတေသနဌာနက ထုတ်ဝေတဲ့ Prolonging Life Abstracts ဂျာနယ် အမှတ် ၈-၂၀၀၈ ထဲက ထုတ်နုတ်ပြန်ဆိုပါတယ်။

အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ) ၏ ကာယကံမေတ္တာခရီးစဉ်

အနာကြီးရောဂါဝေဒနာရှင်များကို ထောက်ပံ့ဖြစ်ခြင်းအကြောင်း

စာရေးဆရာ ချစ်စံဝင်း ရေးသားသော သစ္စာရေစင် စာအုပ်ကို ဖတ်မိ၍ အနာကြီးရောဂါ ဝေဒနာရှင်များ အကြောင်းကို စတင် သိရှိခဲ့သည်။ ဆရာချစ်စံဝင်းနှင့် အနာကြီးဝေဒနာရှင်များ စတင်တွေ့ရှိပုံမှာလည်း အံ့သြဖွယ်ရာ၊ ကြေကွဲဖွယ်ရာ ကောင်းလှသည်။

(၁၉၈၉) ၀န်းကျင်ခန့်က ထောက်ကြံ့တွင် နေထိုင်သော အနာကြီးဝေဒနာရှင်များကို ဆိုင်ရာက လှည်းကူးမြို့နယ်၊ မရမ်းချောင်းရွာသို့ ပို့လိုက်သည်။ ထိုနေရာမှာ ရေမရှိ၊ မီးမရှိသော ငှက်ဖျားတောကြီး ဖြစ်သည်။ လှည်းကူးမြို့နှင့် (၂၂) မိုင်ခန့် ဝေးသည်။

ရောက်စအချိန်က နေစရာ၊ စားစရာ မရှိသောကြောင့် ဝေဒနာရှင်များမှာ တောထဲတွင် ဖြစ်သလိုနေရပြီး စားစရာ မရှိသောကြောင့် မျှစ်များကို ပြုတ်စားကြရသည်။ ဝေဒနာရှင်များမှာ ငှက်ဖျားမိပြီး သေကြသည်မှာ အယောက်လေးရာကျော်ခန့် ရှိသည်။

သူတို့သည် လူတစ်ယောက်သေတိုင်း ကြေးစည်ရိုက်ပြီး အသိပေးလေ့ ရှိသည်။ လူများ ဆက်တိုက်သေ၍ ကြေးစည်ကို ဆက်တိုက် ရိုက်ရသောကြောင့် တစ်နေ့တွင် ကြေးစည်မှာ ကွဲထွက်သွားသည်။ ကြေးစည် ရိုက်စရာ မရှိသောကြောင့် ကြေးစည် အလှူခံရင်း စာရေးဆရာ ချစ်စံဝင်းနှင့် တွေ့ကြခြင်း ဖြစ်သည်။

ထိုအချိန်မှ စ၍ ဆရာကြီးသည် အနာကြီး ဝေဒနာရှင် မိသားစုများကို တတ်နိုင်သမျှ ထောက်ပံ့နေသည်မှာ ကြာလှပြီ ဖြစ်သည်။ ကျွန်ုပ်ကား (၂၀၀၇) ခုနှစ် ကမှစ၍ လှူဒါန်းဖြစ်သည်။

မရမ်းချောင်းရွာတွင် လှူဒါန်းပြီး ၀တ္ထုငွေနှင့် ပစ္စည်းများ

ပထမအကြိမ် - - - (၃၇) သိန်းဖိုးခန့်
ဒုတိယအကြိမ် - - (၂၅) သိန်းဖိုးခန့်
တတိယအကြိမ် -- (၁၅) သိန်းဖိုးခန့်
မရမ်းချောင်းရွာမှ မင်းကုန်းရွာထိ ကျောက်ကြမ်းလမ်းခင်းရန် (၁၂၅) သိန်း မတည်လှူဒါန်းခဲ့သည်။
မရမ်းချောင်းရွာ ရွာဦးကျောင်းဆောက်လုပ်ရန် (၁၀) သိန်းခန့် လှူဒါန်းခဲ့သည်။ ထိုရွာမှ စီးပွားရေး တက္ကသိုလ်တက်နေသော ကလေးမ တစ်ဦးကို လစဉ် ပညာသင်စရိတ် ထောက်ပံ့ ပေးနေသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ နံ့သာမြိုင်ရွာနှင့် ရေနံ့သာ အနာကြီးဆေးရုံမှ လူနာများအား -
(၂၀၀၇) ခုနှစ်၊ ပထမအကြိမ် - - (၅၄) သိန်းဖိုးခန့်
(၂၀၀၉) ခုနှစ်၊ ဒုတိယအကြိမ် - (၁၂၂) သိန်းဖိုးခန့်
တို့ကို လှူဒါန်းခဲ့သည်။

စစ်ကိုင်းမြို့နယ်၊ မြရတနာရွာ အတွက်
ငွေသား - - - - (၂၇) သိန်း
ပစ္စည်းတန်ဖိုး - -(၅) သိန်း
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ လေးအိမ်စုရွာမှ မိသားတစ်စုက ငွေကျပ် (၇)သိန်း တို့ကို ဆရာတော်မှ တဆင့် လှူဒါန်းသည်။

ထိုနေရာတို့တွင် လှူဒါန်းသူ မရှိသလောက် နည်းပါးသောကြောင့် လူသားချင်း စာနာထောက်ထားသောအားဖြင့် လှူဒါန်းခြင်း ဖြစ်သည်။

ဦးဇ၀န
(မေတ္တာရှင်-ရွှေပြည်သာ)
(၁၈.၇.၂၀၀၉)

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ဆရာတော်သည် ထိုရွာများမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကျောင်းသားတစ်ဦးလျှင် (၅)သောင်း၊ ဂုဏ်ထူး တစ်ဘာသာလျှင် (၅)သောင်းဖြင့် ဆုကြေးငွေများ ချီးမြင့်လှူဒါန်းလျှက် ရှိသည်။ စာရေးဆရာ ဦးချစ်စံဝင်းသည် အနာကြီး ရောဂါသည်တွေရဲ့ ဘ၀ကြောင်းကို သစ္စာရေစင် ၊ ပိုးကိုက်သည့်ပန်း စသည့် စာအုပ်နှစ်အုပ် ရေးသားပြုစုခဲ့ပါသည်။

အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ) ဆရာတော် လှူဒါန်းနေစဉ်

စာရေးဆရာ ဦးချစ်စံဝင်း လှူဒါန်းနေစဉ်

ငွေကျပ် (၂၅)သိန်း အလှူရှင် မဝေမာလွင် (New York) လှူဒါန်းနေစဉ်

လူသားအချင်းချင်း စာနာထောက်ထားတတ်ကြပါစေ . . .

စာရေးဆရာ ဦးချစ်စံဝင်း လှူဒါန်းနေစဉ်

ငွေကျပ် (၂၅)သိန်း အလှူရှင် မဝေမာလွင် (New York) လှူဒါန်းနေစဉ်

လူသားအချင်းချင်း စာနာထောက်ထားတတ်ကြပါစေ . . .

I made this widget at MyFlashFetish.com.

Followers