Sunday, July 19, 2009

မြန်မာနိုင်ငံတော်၏ဖခင်ကြီးအား နောင်လာနောင်သားများမြင်ဖူးစေရန်






















ကောင်းကင်ခရီးနှင့်ပျံကြွသွားသည့် ရဟန်းတစ်ပါး

ဘလော့ကိုလာရောက် လည်ပတ်သည့် ဗုဒ္ဓဘာသာဝင်များ သဒ္ဓါပွားနိုင်ရန် ရဟန်တစ်ပါး ကောင်ကင်ခရီးပျံကြွနေတဲ့ ဗီဒီယိုလေးကို တင်ဆက်လိုက်ပါတယ်။ တချို့ကတော့ ဗီဒီယိုအပေါ် သံသယရှိကောင်း ရှိမှာပါ။ ဒီဗီဒီယိုကတော့ လုံးဝ စစ်မှန်တယ်လို့ ယူဆနိုင်တဲ့ အချက် ၂ ချက်ရှိပါတယ်။ ပထမတစ်ချက်က လုံးဝ ရှင်းလင်းနေပါတယ်။ ဗီဒီယိုအတုတွေဟာ အမြဲမှုံဝါးနေတတ်ပါတယ်။ ဥပမာ အမေရိကန် အစိုးရ လုပ်ထားတဲ့ ဘင်လာဒင်ဗီဒီယိုအတုကို ကြည့်နိုင်ပါတယ်။ ဒုတိယအချက်ကတော့ နောက်ခံစကားပြောနေတဲ့ ကလေးတွေရဲ့ အသံဟာ ဟန်ဆောင်ထားတာ မဟုတ်ပဲ တကယ်ကို စိတ်လှုပ်ရှားနေတာ သိသာပါတယ်။ ဒါ့ကြောင့် အခုဗီဒီယိုကို တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။
တချို့က ရဟန္တာဆိုပြီး ခေါ်ဝေါ်နေပါတယ်။ မိုးပျံမြေလျှိုးလုပ်ဖို့က အဘိဥာဏ် တန်ခိုးရှိရင် လုပ်နိုင်ပါတယ်။ အဘိဥာဏ်တန်ခိုးနဲ့ မိုးပျံနိုင်တဲ့ ရသေ့တွေ ဘုရားမပွင့်မှီကတည်းက ရှိခဲ့ပါတယ်။ ရဟန္တာဆိုတာကတော့ ကိလေသာကုန်ခန်းပြီးသူမို့ အဘိဥာဏ်တန်ခိုးထက် ပိုမိုမြင့်မားပါတယ်။ သေခြာမသိပါပဲ ရဟန္တာလို့ ပြောချင်းထက် ရဟန်းတစ်ပါးလို့ သုံးနှုံးခြင်းက ပိုမို သင့်တော်သည်ဟု ယူဆမိပါသည်။ (မှားယွင်းချက်များရှိက ပြင်ပေးပါ)


Posted by *သခင်မျိုးဟေ့ဒို့မြန်မာ*

ကျေးဇူးစကား တစ်ခွန်းတော့ပြောပါ{ဖတ်သင့်ပါသည်}

အပန်းဖြေစခန်းက ပြန်လာတဲ့ ကားတစ်စီးဟာ လမ်းတစ်နေရာ ရွံ့အိုင်မှာ ရပ်သွားခဲ့တယ်။ ကားပေါ်က သားသားနားနား ဝတ်ဆင်ထားတဲ့
လူတစ်ဦးက ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး
“ကျွန်တော့်ကားအောက်ထဲဝင်ပြီး ဘယ်သူ ဝက်အူကျပ်ပေးနိုင်မလဲလို့” အော်ဟစ် အကူအညီ
တောင်း လိုက်တယ်။
ကားရဲ့ ဆီတိုင်ကီက ဝက်အူတစ်ချောင်း ချောင်နေပြီး ဆီတွေယိုနေခဲ့လို့
ရပ်သွားတာဖြစ်တယ်။ ဓာတ်ဆီဆိုင်နဲ့ လည်း အတန်ငယ် အလှမ်းဝေးနေတာကြောင့်
ကားပိုင်ရှင်ရဲ့စိတ်ဟာ အိုးဖုံးပူပေါ်က ပုရွက်ဆိတ်တွေလိုပဲ လှုပ်ရှားနေခဲ့တယ်။
ကားပိုင်ရှင်ဘေးက လှလှပပပြင်ထားတဲ့ အမျိုးသမီးတစ်ဦးက
“ဆုငွေရှိရင် ကူတဲ့လူ ပေါ်လာလိမ့်မယ်” လို့ပြောတော့ ကားပိုင်ရှင်ဟာ တန်ဖိုးကြီး
ငွေစက္ကူတစ်ရွက်ကို အလျှင် အမြန်ထုတ်ပြီး
“ဝက်အူကျပ်ပေးတဲ့လူ ဒီပိုက်ဆံနဲ့ ထိုက်မယ်” လို့ ပြောလိုက်တယ်။
ဝိုင်းကြည့်နေတဲ့ လူတွေထဲက လူငယ်တစ်ဦး တစ်ချက်လှုပ်သွားတယ်။ ဒါပေမယ့်
ဘေးလူတစ်ယောက်က
“ပိုက်ဆံရှိသူတွေရဲ့ စကားကို မယုံနဲ့” ဆိုပြီးလှမ်းဆွဲလိုက်တယ်။
အဲဒီအချိန်မှာ ကလေးငယ်တစ်Uီးက ထွက်လာပြီး
“ကျွန်တော် ကူမယ်” လို့ပြောလိုက်တယ်။
ကလေးငယ်က ကားအောက်ထဲဝင်ပြီး ဝက်အူကို ကျပ်ပေးလိုက်တယ်။ တစ်မိနစ်တောင်
မကြာတဲ့အချိန်နဲ့ ကားအောက်က ထွက်ပြီး ကားပိုင်ရှင်ကို
မျှော်လင့်ချက်မျက်လုံးနဲ့ ကြည့်နေခဲ့တယ်။ ကားပိုင်ရှင်က ကလေးငယ်ကို အခုနားက
ငွေကိုလှမ်းပေးမယ်အလုပ်မှာ အမျိုးသမီးက -
“ဒီငွေကို ပေးမလို့လား? အကြွေတစ်ချို့ ပဲပေးလိုက်ပါ” လို့ ဝင်ဟန့်တယ်။
ကားပိုင်ရှင်က အမျိုးသမီးဆီက ငွေအကြွေကို ယူပြီး ကလေးကိုလှမ်းပေးလိုက်တယ်။
ကလေးက မယူဘဲ ခေါင်းခါပြတယ်။ ဝိုင်းကြည့်နေတဲ့ လူအုပ်ကြားက
ဝေဖန်သံတစ်ချို့ထွက်လာတော့ ကားပိုင်ရှင်က အကြွေ တစ်ချို့ ထပ်ပေါင်းပြီး ကလေးကို
ကမ်းပေး ပြန်တယ်။ ကလေးငယ်က ခေါင်းခါပြန်တော့ စိတ်ဆိုးပြီး
“ဘာလဲ? မင်းကနည်းသေးတယ်လို့ ထင်လား? နည်းတယ်ထင်ရင် လုံးဝမပေးတော့ဘူးနော်” လို့
အော်လိုက် တယ်။
“နည်းတယ်ထင်လို့ မဟုတ်ပါဘူး။ ကျွန်တော့်ဆရာမက ပြောပါတယ်။ လူတွေကို ကူညီတာ
အကျိုးအမြတ် ရဖို့အတွက် မဟုတ်ပါဘူး” လို့ ကလေးငယ်က ပြန်ပြောတော့
“ဒါဆို မင်းဘာဖြစ်လို့ မသွားသေးတာလဲ?” ကားပိုင်ရှင်က စိတ်ပျက်လက်ပျက်
မေးပြန်တယ်။
“ခင်ဗျားဆီက ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းကို ကျွန်တော်စောင့်နေတာပါ”
လို့ ကလေးက ပြန်ပြော လိုက်တယ်။

လူအချင်းချင်းကြားက အပြန်အလှန်နားလည်မှုဟာ တော်တော်လေး ကြောက်ဖို့ကောင်းမှန်း
ဒီပုံပြင်က ပြော သွားခဲ့ပါတယ်။ တူညီတဲ့ အဖြစ်အပျက်တစ်ခုမှာ ကာယာကံရှင်ဖက်က
ကြည့်ရင်တစ်မျိုး၊ တစ်ခြားလူဖက်က ကြည့်ရင်တစ်မျိုး စတဲ့ အမြင်မတူတာတွေ
ရှိတတ်ကြတယ်။ ဘာသာစကားက လူတွေကြားမှာရှိတဲ့ လွဲမှားတဲ့ နားလည်မှုကို
အဆက်အသွယ်လုပ်ပေးခဲ့တယ်။ ဒါပေမယ့် ဘာသာစကားက လူတွေရဲ့ ကြားအထင်
အမြင်လွဲမှားမှုကို တကယ်ဖြေရှင်းပေးနိုင်သလား? ဘာသာစကားနဲ့ လူတွေကြားမှာ
မရှိသင့်တဲ့ အမှားတွေကို ကာကွယ်နိုင်ဖို့ လူတိုင်းမျှော်လင့်ခဲ့ကြသလား?

ဝိတ်လျှော့ချင်သူများအတွက်

လူတိုင်းအတွက် အသက်ရှည်စေတဲ့ ဆောင်ပုဒ်ကတော့

*လေရှု ၊ လမ်းလျှေက် ၊ ရေပိုသောက် ၊ ဆီငန်သကြား လျှော့လို့စား ဖြစ်ပါတယ်။
The Longer Your Belt, The Shorter your Life..
ခါးပတ်ရှည်လေ..*အသက်တိုလေဖြစ်ပါတယ်..


-ကိုယ်အလေးချိန်ပုံမှန်ရှိသူတွေ ၊ အိုဗာဝိတ်တွေ ၊ အဝလွန် နေသူတွေအတွက်
လေ့ကျင့်ခန်းလေးတွေရေးလိုက်ပါတယ်…

(1).လူတစ်ယောက် ထိုင်ခုံမှာထိုင်နေရင် တစ်နာရီလောင်ကျွမ်းတဲ့ ကယ်လိုရီမှာ 80
Cal/hr ဖြစ်ပါတယ်။

(2).တစ်နာရီကြာ ဘော်လီဘော ကစားရင်(သို့) တစ်နာရီကြာ ဝိတ်မမယ်ဆိုရင်
လောင်ကျွမ်းတဲ့ ကယ်လိုရီမှာ 215 Cal/hr ဖြစ်ပါတယ်။

(3). တစ်နာရီကြာ ဂေါက်ရိုက်ရင် လောင်ကျွမ်းတဲ့ ကယ်လိုရီမှာ 80 Cal/hr
ဖြစ်ပါတယ်။

(4). တစ်နာရီ(4) မိုင်နှုန်းနဲ့ တစ်နာရီ လမ်းလျှေက်ရင် 325 Cal/hr
ဖြစ်သွားပါပြီ။

(5). တစ်နာရီကြာ လှေလှော်မယ်ဆိုရင်တော့ 360 Cal/hr ဖြစ်ပါတယ်။

(6). တစ်နာရီကြာ ချစ်သူနဲ့ နှစ်ပါးသွားကမယ်ဆိုရင်တော့ 390 Cal/hr ပါ။

(7). တစ်နာရီကြာ တောင်တက်မယ်ဆိုရင် 430 Cal/hr ဖြစ်ပါတယ်။

(8). Aerobic တစ်နာရီကြာ ကစားရင်တော့(သို့) တစ်နာရီ တင်းနစ်ရိုက်ရင် 505 Cal/hr
ဖြစ်ပါတယ်။

(9). တစ်နာရီကြာ စကိတ် စီးတာပဲဖြစ်ဖြစ် ဟော်ကီကစားတာပဲဖြစ်ဖြစ် 575 Cal/hr
လောင်ကျွမ်းပါတယ်။

(10). တစ်နာရီကြာ ကရာတေးဒို ကစားတာဖြစ်စေ.. စက်ဘီးကို တစ်နာရီ(15)မိုင်နှုန်းနဲ့
တစ်နာရီကြာ စီးတာဖြစ်စေ.. တစ်နာရီ(6)မိုင်နှုန်းနဲ့ ပြေးတာဖြစ်စေ 750 Cal/hr
လောင်ကျွမ်းပါတယ်။

(11). ရေကူးတာကတော့…790 Cal/hr နှုန်းနဲ့ လောင်ကြွမ်းမှု့အများဆုံးဖြစ်ပါတယ်..။

ကဲ..ကြိုက်တဲ့လေ့ကျင့်ခန်းကို ရွေးချယ်နှိုင်ပါပြီ……. :P


သွားရင်းလာရင်း ဖတ်မိတာလေးပါ .. မူရင်းရေးသားသူကိုကျေးဇူးတင်လျက်

ဂျပန် စူပါရုံထိန်း







Japan နိုင်ငံ အနောက်ပိုင်းရှိ Kishi Train Station အ၀င်ပေါက်မှ နေ.စဉ်ထောင်နဲ. ချီသော ခရီးသွားများ အသွားအလာကို ထိုင်စောင့်နေတဲ့ Tama ခေါ် ကိုးနှစ်အရွယ်ရှိ ကြောင် မလေး ဖြစ်ပါတယ်။ Japan လူမျိုးတွေ အတွက် ကြောင်ဟာ သူတို.ရဲ. စီးပွားရေး အတွက် လာဒ်လာဘ များကို သယ်ဆောင်လာနိုင်တယ်လို. ယူဆကြပါတယ်။



Tama ဟာ နေ.စဉ် အနက်ရောင် ၀န်ထမ်း ဦးထုပ်ဖြင့် pose အမျိုးမျိုး ပေးကာ အားလပ်ချိန်မရှိလောက်အောင် ခရီးသွား နှင့် တွဲ ကာ ဓါတ်ပုံ အရိုက်ခံပါတယ်။ သူမကို လူတွေ ချီလိုက်၊ ကိုင်လိုက် လုပ်ခြင်းကို လုံးဝ ငြီးငြူ ရန်မူခြင်း မပြုပဲ အင်မတန် ယဉ်ကျေးပြီး ၊ စိတ်ရှည်ပါတယ်။




Tama ကြောင့် Kishi Train Line ဟာ ခရီးသွားများဖြင့် စည်ကားလာစေတဲ့အတွက် ဒေသ၀င်ငွေ တိုးပွားစေပြီး သူမကို “Super-station-master” လို.တင်စားကြပါတယ်။ အရင်က Kishi Train Line ကိုစီးနင်းသူ ခရီးသွား အရေအတွက်မှာ တစ်ရက် ကို ၅၀၀၀ ၊ တစ်နှစ် ကို ၁.၉ မီလီယံ လောက်သာရှိခဲ့ရာမှ ယမန်နှစ် Tama ရောက်ရှိလချိန်မှ စ၍့ ခရီးသွားဦးရေ မှာ ၁၀ ရာခိုင်နူန်းထိ မြင့် တက်လာခဲ့ပါတယ်။



Kishi Station တွင် Tama ၏ရုပ်ပုံပါသော တီရှပ်၊ ပို.စ်ကဒ်၊ စာအုပ်၊ ခဲဖြတ် စသဖြင့် လက်ဆောင် ပစ္စည်းများ ကို ခရီးသွားများ အလုအယက် ၀ယ်ကြ ပါတယ်။



Tama အား လုပ်အားခ အနေဖြင့် ကြောင်စာ များကို ချီးမြှောက်ကြပါတယ်။ ဒါကတော့ သူမအရဲ. အခန်း ဖြစ်ပါတယ်။ ၁.၈ စတုရန်းမီတာ အကျယ်ရှိပြီး ပန်ကာ နှင့် အိမ်သာ ပါရှိပါတယ်။

အမေရိကန် သမ္မတ နှစ်ဦး ၏ အံ.ဖွယ်တိုက်ဆိုင်မူများ





Abraham Lincoln ဟာညီလာခံကို ၁၈၄၆ ခုနှစ်မှာ ရွှေးချယ်ခံရပါတယ်။

John F. Kennedy ဟာညီလာခံကို ၁၉၄၆ ခုနှစ်မှာ ရွှေးချယ်ခံရပါတယ်။

Lincoln ဟာ ၁၈၆၀ မှာ အမေရိကန် သမ္မတ ဖြစ်လာပါတယ်။

Kennedy ဟာ ၁၉၆၀ မှာ အမေရိကန် သမ္မတ ဖြစ်လာပါတယ်။

၂ဦးစလုံး ဟာ သောကြာနေ.မှာ လုပ်ကြံခံရပါတယ်။

၂ဦးစလုံး ဟာ ဦးခေါင်းကို သေနတ်ထိမှန်သေဆုံးခဲ.ပါတယ်။

၂ဦးစလုံး ဟာ ကျည်တထောင်.တည်းဖြင်. အသက်ပျောက်ခဲ.ရပါတယ်။

Lincoln က Ford Theater မှာ လုပ်ကြံခံခဲ.ရပါတယ်။

Kennedy က Ford Motor Company တွင်လုပ်ကြံခံခဲ.ရပါတယ်။ ၂

ဦးစလုံး ရဲ. လုပ်ကြံသူဟာ အမေရိကန်နိုင်ငံ တောင်ဘက်ခြမ်းက လူတွေဖြစ်ပါတယ်။

၂ဦးစလုံး ရဲ. သမ္မတ နေရာကို ဆက်ခံ သူတွေဟာ လဲ အမေရိကန်နိုင်ငံ တောင်ဘက်ခြမ်းက လူတွေဖြစ်ပါတယ်။

၂ဦးစလုံး ရဲ. သမ္မတ နေရာကို ဆက်ခံ သူတွေရဲ. နာမည် က လဲ ဆင်တူနေပါတယ်။

တယောက် Lincoln နေရာ ကို ဆက်ခံသူ Andrew Johnson ၁၈၀၈ ခုနှစ်ဖွားဖြစ်ပြီး။

နောက်တယောက်က Kennedy နေရာကို ဆက်ခံသူ Lyndon Johnson ၁၉၀၈ ခုနှစ်ဖွားဖြစ်ပါတယ်။

Last name ၂ ခုသာ တူနေရုံမကပဲ First name တွေက လဲ အက္ခရာ ၆ခြောက်လုံး ပဲ ပါတာ သွားတူနေပြန်ပါတယ်။

Lincoln ကိုလုပ်ကြံသူ John Wilkes Booth က ၁၈၃၉ ဖွားဖြစ်ပြီး။

Kennedy ကိုလုပ်ကြံသူ Lee Harvey Oswald က ၁၉၃၉ ဖွားဖြစ်ပါတယ်။

ကြည်.စမ်း လုပ်ကြံသူတွေ ရဲ. နာမည် က လဲ ၃လုံးစီပဲလေ။

အက္ခရာ တလုံးစီ ရေ တွက်လိုက်ရင် ၁၅ လုံး စီ ရှိကျပါတယ်။

Booth ဟာ Ford theater ကနေ ပြေးထွက် လာပြီး Warehouse မှာ အဖမ်းခံ ခဲ.ရပါတယ်။

Oswald ကတော. Warehouse ကနေ ထွက်ပြေးလာပြီး Theater တခုမှာ အဖမ်းခံခဲ.ရပါတယ်။

သမ္မတ ၂ ဦးစလုံး ဟာ တရားရုံး အသွား မှာ လုပ် ကြံခံခဲ.ပါတယ်။

Lincoln လုပ်ကြံ မခံ ရခင် တပတ် အလိုမှာ သူဟာ သူ၏ သူငယ်ချင်း Monroe Maryland နဲ. အတူ ရှိနေခဲ.ပါတယ်။

Kennedy လုပ်ကြံ မခံ ရခင် တပတ် အလိုမှာ သူဟာ သူ၏ သူငယ်ချင်း Marilyn Monroe နဲ. အတူ ရှိနေခဲ.ပါတယ်။

Lincoln ရဲ. သား Tad ရဲ. အာသုဘ အခမ်းအနား ကို July 16 1871 မှာ ကျင်းပခဲ.ပါတယ်။

Kennedy ရဲ.သား JEK Jr ကလဲ July 16 1999 မှာ လေယာဉ်ပျက်ကပြီး သေဆုံးခဲ.ပါတယ်။

ကဲ ဒီလောက် တိုက်ဆိုင်တာ မထူးဆန်းလွန်းဘူးလား။

I made this widget at MyFlashFetish.com.

Followers