Tuesday, August 18, 2009

(၂၂)မီတာမျှ အရှည်ရှိပြီး ကမ္ဘာ့အကြီးမားဆုံး သက်ရှိ

ပစိဖိတ် သမုဒ္ဒရာအတွင်း သင်္ဘောတစ်စင်းနှင့် တိုက်မိသဖြင့် သေဆုံးသွားခြင်း ဖြစ်ဖွယ်ရှိသော ဝေလငါးကြီး တစ်ကောင်ကို တွေ့ရှိခဲ့ရသည်။ ထိုဝေလငါးကြီးသည် ရေပေါ်တွင် ပက်လက်မျောနေပြီး အော်ရီဂွန် အစိုးရတက္ကသိုလ်မှ
လေ့လာရေးအဖွဲ့များက ဆန်တာဘာဘရာ ရေလက်ကြားအနီး ကယ်လီဖိုးနီးယား
ကမ်းလွန်တွင် တွေ့ရှိခဲ့ကြသည်။ ယခုတွေ့ရှိသော ဝေလငါးကြီးသည် အနည်းဆုံး
(၂၂)မီတာမျှ အရှည်ရှိပြီး ကမ္ဘာ့အကြီးမားဆုံး သက်ရှိအဖြစ်
မှတ်တမ်းတင်ထားရသည့် ဝေလငါးပြာ အမျိုးအစားဖြစ်သည်။ ပညာရှင်များသည်
“ပစိဖိတ် မုန်တိုင်း”ဟု အမည်ပေးထားသည့် ၎င်းတို့၏ သုတေသန လှေငယ်လေးနှင့်အတူ
လေ့လာရေး ခရီးထွက်လာစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုမျှကြီးမားသော
ဝေလငါးကြီးကို သေအောင်တိုက်မိသည့် သင်္ဘောမှာ ဧရာမ ကုန်တင်သင်္ဘောကြီး
တစ်စင်းဖြစ်နိုင်ကြောင်း သုတေသီများက ယုံကြည်နေသည်။

(အလွန်ကြီးမားသည့် ဝေလငါးအား သင်္ဘောတစ်စင်းနှင့် နှိုင်းယှဉ်တွေ့မြင်ရစဉ်)
ထိုကိစ္စအတွက် တက္ကသိုလ်မှ ပညာရှင်အဖွဲ့က အသေးစိတ် မှတ်ချက်မျိုး မပေးသေးသော်လည်း ဝေလငါးပြာများ၏ အလေ့အထကို အသေးစိတ် သုတေသနပြုသည့်
ရေနေနို့တိုက်သတ္တ၀ါ ပညာရေးအဖွဲ့သို့ ဆက်သွယ် အကြောင်းကြားပြီး
ဆက်လက်လေ့လာနေဆဲဖြစ်သည်။ National Geographicက အဆိုပါ ဝေလငါးအသေကြီးကို
ဝေဟင်မှ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ရာ ၀မ်းဗိုက်သားပေါ်တွင် အုပ်စုဖွဲ့
ရောက်ရှိနေသည့် စင်ရော်ငှက်များကိုပင် တွေ့ရှိနိုင်သည်။ ဝေလငါးပြာများသည်
ကမ္ဘာပေါ်တွင် အကြီးမားဆုံး သက်ရှိများအဖြစ် သတ်မှတ်ခံထားရပြီး ကမ္ဘာဦးခေတ်
ဒိုင်နိုဆောများထက်ပင် ကြီးထွားသေးသည်။ ၎င်းတို့၏ အလေးချိန်သည် တန်(၁၀၀)မှ
(၁၅၀)ထိရှိပြီး ပါးစပ်မှာ လူ(၁၀၀)မျှ ၀င်နေနိုင်အောင် ကျယ်ပြန့်သည်။
မီတာ(၃၀)ခန့်အထိ ကြီးထွားတတ်ပြီး ပုံမှန်အားဖြင့် နှစ်ပေါင်း(၁၁၀)၀န်းကျင်
သက်တမ်းရှည်တတ်သည့် ရေနေ သတ္တ၀ါများဖြစ်သည်။ ဝေလငါးပြာ တစ်ကောင်၏အသည်းသည်
အသေးစား မော်တော်ကား တစ်စင်းစာမျှရှိသည်။ အံ့ဘနန်း ကြီးထွားသော အဆိုပါ
သက်ရှိများသည် ပစိဖိတ်သမုဒ္ဒရာအပြင် ကမ္ဘာ့သမုဒ္ဒရာ အနှံ့အပြားတွင်
နေထိုင်ကျက်စားလေ့ရှိပြီး အများဆုံး တွေ့ရသည်မှာ မြောက်အတ္တလန္တစ်၊
မြောက်ပစိဖိတ်နှင့် အန္တာတိကတိုက် ပတ်ဝန်းကျင်တို့တွင်ဖြစ်ကြောင်း
ပညာရှင်များက ပြောကြားခဲ့သည်။

No comments:

Post a Comment


I made this widget at MyFlashFetish.com.

Followers