Sunday, August 23, 2009

Ebook (Pdf) File ပြုလုပ်နည်း

ကျွန်တော်က Adobe Acrobat 7.0 Professional သုံးပါတယ်။ Install လုပ်ပြီးရင် Microsoft Word တို့ Excel တို့မှာ PDFMaker 7.0 ဆိုပြီး Toolbar တက်လာပါတယ်။ Convert to Adobe PDF ကို Click လုပ်ရင် Pdf ဖိုင် ပြောင်းပေးပါတယ်။

တခြား Print လုပ်လို့ရတဲ့မည်သည့် Software မဆိုလည်း Pdf ပြောင်းနိုင်ပါတယ်။ အဲဒီ့အတွက် Printers and Faxes မှာ Adobe PDF printer လေးတက်နေပါလိမ့်မယ်။ Print လုပ်ရင် Printer နေရာမှာ Adobe PDF printer ကိုရွေးပေးလိုက်ပါ။ အဲဒီအခါမှာလည်း Pdf ဖိုင် ပြောင်းပေးပါလိမ့်မယ်။

ကျွန်တော်ကတော့ Adobe Acrobat 7.0 Professional ပေါ်မှာဘဲ သုံးပါတယ်။ Multiple Files ကို Pdf အနေနဲ့ ပြောင်းနိုင်လို့ပါ။ Create PDF အောက်မှာ From File, From Multiple Files, From Web Page, From Scanner ဆိုပြီး ပါပါတယ်။ အသုံးပြုကြည့်ပါ။ ပျော်စရာကောင်းပါတယ်။ ရေစာထည့်တာတို့ Comment ထိုးတာတို့ လုပ်နိုင်တဲ့ Function တွေ အများကြီးပါဘဲ။

ဒီ Software မှာ အားနည်းချက်ကတော့ Unicode Font (ဥပမာ - Zawgyi နဲ့ မြန်မာ-အင်္ဂလိပ်၊ မြန်မာလို File Name တွေ ပေးထားတဲ့ File တွေဖွင့်ရင် အများအားဖြင့် ဖွင့်မရဘူးဆိုတဲ့ Error ပြတတ်ပါတယ်။ Zawgyi နဲ့ အင်္ဂလိပ်လိုပေးထားရင်တော့ ဖွင့်ရပါတယ်။ အဲဒီတော့ ကျွန်တော်က Pdf ဖိုင်တွေဖွင့်ချင်ရင် Adobe Reader 9.0 ကို သုံးပါတယ်။ Adobe Acrobat Professional နောက်ပိုင်း Version တွေမှာတော့ ဒီပြဿနာမရှိတော့ပါ။ ပထမဆုံးသုံးဖြစ်တဲ့ သံယောဇဉ်ကြောင့် Adobe Acrobat 7.0 Professional ကို ဆက်သုံးဖြစ်နေတာပါ။

ဒီ Software လိုချင်ရင်တော့ အနီးဆုံး CD ဆိုင်ကိုသာသွားပါခင်ဗျာ။ (မြန်မာပြည်က Download Speed ကိုစိတ်ရှည်ရင်တော့ Adobe.com ကနေ ၀ယ်ပေါ့ဗျာ။ Crack ပါပေးတဲ့ Free Site တွေမှာလည်း ရနိုင်ပါတယ်။)

Aung Kyaw Moe

No comments:

Post a Comment


I made this widget at MyFlashFetish.com.

Followers