Sunday, July 19, 2009

ဝိတ်လျှော့ချင်သူများအတွက်

လူတိုင်းအတွက် အသက်ရှည်စေတဲ့ ဆောင်ပုဒ်ကတော့

*လေရှု ၊ လမ်းလျှေက် ၊ ရေပိုသောက် ၊ ဆီငန်သကြား လျှော့လို့စား ဖြစ်ပါတယ်။
The Longer Your Belt, The Shorter your Life..
ခါးပတ်ရှည်လေ..*အသက်တိုလေဖြစ်ပါတယ်..


-ကိုယ်အလေးချိန်ပုံမှန်ရှိသူတွေ ၊ အိုဗာဝိတ်တွေ ၊ အဝလွန် နေသူတွေအတွက်
လေ့ကျင့်ခန်းလေးတွေရေးလိုက်ပါတယ်…

(1).လူတစ်ယောက် ထိုင်ခုံမှာထိုင်နေရင် တစ်နာရီလောင်ကျွမ်းတဲ့ ကယ်လိုရီမှာ 80
Cal/hr ဖြစ်ပါတယ်။

(2).တစ်နာရီကြာ ဘော်လီဘော ကစားရင်(သို့) တစ်နာရီကြာ ဝိတ်မမယ်ဆိုရင်
လောင်ကျွမ်းတဲ့ ကယ်လိုရီမှာ 215 Cal/hr ဖြစ်ပါတယ်။

(3). တစ်နာရီကြာ ဂေါက်ရိုက်ရင် လောင်ကျွမ်းတဲ့ ကယ်လိုရီမှာ 80 Cal/hr
ဖြစ်ပါတယ်။

(4). တစ်နာရီ(4) မိုင်နှုန်းနဲ့ တစ်နာရီ လမ်းလျှေက်ရင် 325 Cal/hr
ဖြစ်သွားပါပြီ။

(5). တစ်နာရီကြာ လှေလှော်မယ်ဆိုရင်တော့ 360 Cal/hr ဖြစ်ပါတယ်။

(6). တစ်နာရီကြာ ချစ်သူနဲ့ နှစ်ပါးသွားကမယ်ဆိုရင်တော့ 390 Cal/hr ပါ။

(7). တစ်နာရီကြာ တောင်တက်မယ်ဆိုရင် 430 Cal/hr ဖြစ်ပါတယ်။

(8). Aerobic တစ်နာရီကြာ ကစားရင်တော့(သို့) တစ်နာရီ တင်းနစ်ရိုက်ရင် 505 Cal/hr
ဖြစ်ပါတယ်။

(9). တစ်နာရီကြာ စကိတ် စီးတာပဲဖြစ်ဖြစ် ဟော်ကီကစားတာပဲဖြစ်ဖြစ် 575 Cal/hr
လောင်ကျွမ်းပါတယ်။

(10). တစ်နာရီကြာ ကရာတေးဒို ကစားတာဖြစ်စေ.. စက်ဘီးကို တစ်နာရီ(15)မိုင်နှုန်းနဲ့
တစ်နာရီကြာ စီးတာဖြစ်စေ.. တစ်နာရီ(6)မိုင်နှုန်းနဲ့ ပြေးတာဖြစ်စေ 750 Cal/hr
လောင်ကျွမ်းပါတယ်။

(11). ရေကူးတာကတော့…790 Cal/hr နှုန်းနဲ့ လောင်ကြွမ်းမှု့အများဆုံးဖြစ်ပါတယ်..။

ကဲ..ကြိုက်တဲ့လေ့ကျင့်ခန်းကို ရွေးချယ်နှိုင်ပါပြီ……. :P


သွားရင်းလာရင်း ဖတ်မိတာလေးပါ .. မူရင်းရေးသားသူကိုကျေးဇူးတင်လျက်

No comments:

Post a Comment


I made this widget at MyFlashFetish.com.

Followers