Sunday, July 19, 2009

ဂျပန် စူပါရုံထိန်း







Japan နိုင်ငံ အနောက်ပိုင်းရှိ Kishi Train Station အ၀င်ပေါက်မှ နေ.စဉ်ထောင်နဲ. ချီသော ခရီးသွားများ အသွားအလာကို ထိုင်စောင့်နေတဲ့ Tama ခေါ် ကိုးနှစ်အရွယ်ရှိ ကြောင် မလေး ဖြစ်ပါတယ်။ Japan လူမျိုးတွေ အတွက် ကြောင်ဟာ သူတို.ရဲ. စီးပွားရေး အတွက် လာဒ်လာဘ များကို သယ်ဆောင်လာနိုင်တယ်လို. ယူဆကြပါတယ်။



Tama ဟာ နေ.စဉ် အနက်ရောင် ၀န်ထမ်း ဦးထုပ်ဖြင့် pose အမျိုးမျိုး ပေးကာ အားလပ်ချိန်မရှိလောက်အောင် ခရီးသွား နှင့် တွဲ ကာ ဓါတ်ပုံ အရိုက်ခံပါတယ်။ သူမကို လူတွေ ချီလိုက်၊ ကိုင်လိုက် လုပ်ခြင်းကို လုံးဝ ငြီးငြူ ရန်မူခြင်း မပြုပဲ အင်မတန် ယဉ်ကျေးပြီး ၊ စိတ်ရှည်ပါတယ်။




Tama ကြောင့် Kishi Train Line ဟာ ခရီးသွားများဖြင့် စည်ကားလာစေတဲ့အတွက် ဒေသ၀င်ငွေ တိုးပွားစေပြီး သူမကို “Super-station-master” လို.တင်စားကြပါတယ်။ အရင်က Kishi Train Line ကိုစီးနင်းသူ ခရီးသွား အရေအတွက်မှာ တစ်ရက် ကို ၅၀၀၀ ၊ တစ်နှစ် ကို ၁.၉ မီလီယံ လောက်သာရှိခဲ့ရာမှ ယမန်နှစ် Tama ရောက်ရှိလချိန်မှ စ၍့ ခရီးသွားဦးရေ မှာ ၁၀ ရာခိုင်နူန်းထိ မြင့် တက်လာခဲ့ပါတယ်။



Kishi Station တွင် Tama ၏ရုပ်ပုံပါသော တီရှပ်၊ ပို.စ်ကဒ်၊ စာအုပ်၊ ခဲဖြတ် စသဖြင့် လက်ဆောင် ပစ္စည်းများ ကို ခရီးသွားများ အလုအယက် ၀ယ်ကြ ပါတယ်။



Tama အား လုပ်အားခ အနေဖြင့် ကြောင်စာ များကို ချီးမြှောက်ကြပါတယ်။ ဒါကတော့ သူမအရဲ. အခန်း ဖြစ်ပါတယ်။ ၁.၈ စတုရန်းမီတာ အကျယ်ရှိပြီး ပန်ကာ နှင့် အိမ်သာ ပါရှိပါတယ်။

No comments:

Post a Comment


I made this widget at MyFlashFetish.com.

Followers