Thursday, August 13, 2009

blog တစ်ခု hack မခံရအောင်

blog တစ်ခု hack မခံရအောင် (သို့) All blog posts Import In 1 Min.

. Friday, 13 February 2009

ကျနော် ဒီပို့စ်ကို နာမည်ဘယ်လိုပေးရမှန်းမသိ ဖြစ်နေတာ။ ခေါင်းစဉ်တွေများနေလို့ လေ ။ ဒီလိုဗျာ .. အစ်ကိုတစ်ယောက်ရဲ့ ဘလော့ Hack ခံလိုက်ရတယ်ဗျာ။ password ချိန်းခံလိုက်ရတယ်။ အရင်ကလည်း ကြားဖူးကြမှာပေါ့။ ဘာလို့ အဲလိုလုပ်တာလဲ၊ ဘယ်ကောင်လဲ၊ ယုတ်မာလိုက်တာ ဆိုပြီး ထိုင်ငြီးနေမယ့်အစား ကို့ကို အဲလို လုပ်ရင်ကော ဘယ်လိုလုပ်မလဲလို့ တွေးလိုက်ပါတယ်။ blog တွေ hack ခံရတော့ အဓိက အချိန်ဗျ။ တစ်ခြို့က post တွေ အားလုံးကို microsoft word နဲ့ သိမ်းထားကြတယ်။ အဲ ပြန်တင်ဖို့ save ထားတယ်ပဲ ထားပါတော့ ပို့ ရာကျော်ကို ထိုင်တင်မှာလား။ ပျင်းစရာကြီးဗျာ။ နည်းမယ့်အချိန်မဟုတ်ဘူး။ တော်ရုံလူဆိုရင် ဘလော့ ပြန်ရေးချင်စိတ် မရှိတော့ပါဘူး။ စကားများသွားပြီ ကြိုတင် ကာကွယ်ထားလို့ ရအောင် ပြောတော့မယ်နော်။ ဘလော့ကို hack ရင် gmail account ရဲ့ password ကို ပြောင်းသွားလိုက်ပါတယ်။ တစ်ခြို့ကျတော့ account တစ်ခုလုံးကို delete ပြစ်လိုက်ပါတယ်။

မိမိ အရင် ဘလော့ရဲ့ Layout - Edit HTML မှာ Download Full Template ကို နှိပ်ပြီး Template ကို Download လုပ်လိုက်ပါ။ Sidebar Widget တွေကိုလည်း ကူးထားလိုက်ပေါ့။ (လူတိုင်းသိပြီးသားပါ)ဒါက Template အတွက် ဖြစ်ပါတယ်။ နောက်တစ်ခုက ပို့စ်တွေ အတွက်ပါ။ draft.blogger.com ကို ၀င်လိုက်ပါ။ (လက်ရှိ blogger မှာ ၀င်ပြီးသားဆိုရင် နှိပ်လိုက်တာနဲ့ Sign in ၀င်ပြီးသား ဖြစ်ပါလိမ့်မယ်။ draft.blogger မှာ မိမိ ပို့စ်တွေ ဒေါင်းချင်တဲ့ blog ရဲ့ Settings ကို နှိပ်ပါ။ အခုလို Basic နေရာမှာ Import blog - Export blog - Delete blog လို့တွေ့ပါလိမ့်မယ်။ Export blog ကို နှိပ်လိုက်ပါ။





Download Blog လို့ ပေါ်လာပါလိမ့်မယ်။ ဒေါင်းထားလိုက်ပါ။


( တစ်ခုပြောချင်တာက file size ကို ကြည့်ထားလိုက်ပါ။ connection မငြိမ်ရင် post အားလုံး မပါလာပဲ ဖြစ်တတ်ပါတယ်။ ကျနော်ဆိုရင် ပထမတစ်ခါ ဒေါင်းတော့ ပို့စ် ၁၈၀ မှာ ၁၀၈ ခုပဲ ကျပါတယ်။ ကွန်မန့်တွေလည်း ပါမလာပါဘူး။ )


Download လုပ်ပြီးတာနဲ့ mail account အခြားတစ်ခုနဲ့ blogger မှာ Blog အသစ်တစ်ခု ထပ်လုပ်ပါတယ်။ (သဘောပေါက်မှာပါနော်) Layout - Edit HTML ကနေ အရင်ဆုံးချထားတဲ့ Template ကို upload တင်ပါတယ်။ ပြီးရင် sidebar widget တွေ ထည့်ပါတယ်။ (ဒါလည်း သိပြီးသားနေမှာပါ) ပြီးရင် draft.blogger.com ကို ပြန်ဝင်ပါတယ်။ (အခု အသစ်လုပ်နေတဲ့ ဘလော့ရဲ့ draft Dashboard ကိုသွားရမှာ ဖြစ်ပါတယ်)။ Settings ကို နှိပ်ပြီး Import blog ကို နှိပ်ပါတယ်။

အောက်ပါအတိုင်း ခုနက ဒေါင်းထားတဲ့ blog xml ဖိုင်ကို upload ပြန်တင်ပါတယ်။



တင်ပြီးပြီ ဆိုရင် အောက်ပါအတိုင်း Edit posts နေရာမှာ အခုလို ပေါ်ပါတယ်။ တကယ်လို့ မိမိရေးထားတဲ့ ပို့စ် အားလုံးပါမလာဘူး၊ ကွန်မန့်တွေလည်း မပါဘူးဆိုရင် blog xml ဒေါင်းက မစုံလိုက်လို့ ဖြစ်ပါတယ်။ နောက်တစ်ခါ ထပ်ဒေါင်းပေးပါ။ (file size ကိုကြည့်ပေါ့။ ကျနော်ဆို ဒုတိယ တစ်ခါဒေါင်းမှ အားလုံးရပါတယ်)


ဒါဆိုရင် မိမိဘလော့ရဲ့ ဒီဇိုင်းအားလုံး၊ widgetအားလုံး၊ posts အားလုံးနဲ့ Comments အားလုံးကို နောက်ထပ် mail account တစ်ခုနဲ့ Blog ထပ်လုပ်ပြီး ဖြစ်လို့ clone blog လေးတစ်ခု ရှိနေပါပြီ။ ဘာမှ မကြာလိုက်တဲ့ အချိန်လေးပါပဲ။ နောက်ပြီးရင် URL ဖြစ်ပါတယ်။ ကျနော်ဆိုရင် co.cc ကနေ Domain ယူထားတာ ဖြစ်တဲ့အတွက် အရင် www.thanlonengal.blogspot.com ကို www.thanlonengal.co.cc လုပ်ထားတာပါ။ blogspot ဆိုတဲ့ မူရင်း thanlonengal ပျက်သွားခဲ့ရင်တောင် co.cc ဒိုမိန်းကို နောက်ထပ် clone လုပ်ထားတဲ့ ဘလော့မှာ ပြောင်းသုံးလိုက်ပါမယ်။ ဒါဆိုရင် နောက်ထပ်လုပ်တဲ့ clone က www.thanlonengal.co.cc လင့်နဲ့ပဲ ဖြစ်တဲ့အတွက် Hack ခံလိုက်ရတယ် ဆိုရင်တောင် ခဏလေးနဲ့ မူရင်း url ကို ပြန်ရပါတယ်။ ဆုံးရှုံးမှု မရှိတဲ့အပြင် ဒိုမိန်းလေး ပြောင်းလိုက်ရုံပဲ ဖြစ်တဲ့အတွက် ဘယ်သူမှလည်း သိလိုက်မှာ မဟုတ်ပါဘူး။ ကြိုတင်ပြင်ဆင်ထားရတာလည်း မပင်ပန်းလှပါဘူး။ အကျိုးရှိလိမ့်မယ်လို့ ထင်ပါတယ်။ ဘယ်သူ hack တာလဲ၊ စိတ်ဓါတ်က ဆိုးလိုက်တာ လို့ ထိုင်ငြီးနေမလား ? ။ ကျနော် ပြောခဲ့တဲ့အတိုင်း ကြိုပြင်ထားမလား ?

ဟိုးအရင်ထဲက ဒီပို့စ်လေးမှာလည်း backup လုပ်နိုင်တဲ့ site တစ်ခုကို ညွှန်ပြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အခုနည်းက အရမ်းအဆင်ပြေပါတယ်။ အားလုံး ကျေနပ်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်ဗျာ ....... ။ စိတ်ချမ်းမြေ့ခြင်းကို အချိန်တိုင်း ပိုင်ဆိုင် နိုင်ကြပါစေ။
စာရေးသူ ။ ။ကိုသံလုံငယ်အားကျေးဇူးအထူးတင်ရှိပါတယ်..။


withoutlovesitmin

No comments:

Post a Comment


I made this widget at MyFlashFetish.com.

Followers