Thursday, August 13, 2009

သင့်လက်ကိုင်ဖုန်း လုပ်နိုင်တဲ့ လူသိနည်းတဲ့နည်း(၄)ချက်



အသက်ကယ်ပစ္စည်း(သို့)ရှင်သန်ရုန်းကန်နိုင်ဖွယ်ရာ အရေးပေါ် အထောက်အကူပစ္စည်း ဖြစ် နိုင်ပါသတဲ့။

● အရေးပေါ် အတွက် keypad ကို locked လုပ်ထားရင်တောင် သင့်လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ရတာ တွေ့ရပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ၊ နိုင်ငံ တကာ အရေးပေါ် ဖုန်းနံပါတ်ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ဧရိယာ ထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်း ခလုတ်များကို ပိတ်ထား ရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ရနေမှာ ဖြစ်ပါတယ်။ ယုံဘူးလား? စမ်းကြည့်...


● ကားထဲမှာ သော့တွေကျန်ခဲ့လား? သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား? တနေ့ မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ဖွင့်ရမယ့် အနေအထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာကျန်ခဲ့ရင် လက်ကိုင်ဖုန်းတစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းက နေခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတစ်လှမ်း အ ကွာမှာ ထားပါ။

နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်း နားကပ်ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ...။ စမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာနဲ့ ပျော်စရာပဲ မဟုတ်လား?။ ကျွန်တော်တို့ စမ်း ကြည့်တာ အောင်မြင်တယ်ဗျ။ အိမ်ကလူက လာပေးစရာမလိုတော့ဘူးပေါ့။ အကွာအဝေးက အရေးမဟုတ်ပါဘူး။ သော့အပိုက မိုင်တစ်ရာ အကွာမှာ ရှိနေပါစေ။ ခုနကနည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ သင့်လက်ကိုင်ဖုန်းကြောင့်ပါ။

● သင့်လက်ကိုင်ဖုန်းရဲ့ ဓာတ်အားက သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့် လက်ကိုင် ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အားကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက် ကိုင်ဖုန်းက ဓာတ်အားထက်ဝက် ကျန်နေသေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့် လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။

● အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို ဖျက်ဆီး ပစ်မလဲ။ သင့်လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅ လုံး ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်းဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံစိတ်ချရတဲ့ တနေရာမှာသိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အ ခါမှာ သင်ဟာ ဖုန်းကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်းဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြတိုင်တန်း လိုက်ပြီး သင့်လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါတယ်။

တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ်ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက်ထဲကသူတွေ စာရင်းနဲ့ ဖုန်းနံပါတ်များကိုလည်း သူတပါး သိခြင်းမှ ကာကွယ်နိုင်သ လို သင့်အယောင်ဆောင်ပြီး သူတပါးကို သင့်ဖုန်းနံပါတ်နဲ့ ဆက်သွယ်ခြင်းကိုပါ ကာကွယ်နိုင် မှာ ဖြစ်ပါတယ်။

တကယ်လို့ သင်တိုင်တန်းတာကသာ နောက်ကျလို့ သူခိုးက ပိုလျင်သူဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာဖြစ်ပြီး သင်ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်းထဲမှာ မှတ်သားတတ်သူ ဖြစ်ပါက သင့်ဆက်သွယ်မှု ကွန်ယက်ကိုတော့ သူခိုးက ကောင်းကောင်းသိ နိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ ပါဘူး။ ဒါ ကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့်ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်းကြောင့် အကျိုး မဖြစ်ထွန်းတဲ့အတွက် လက် ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါးလာမယ်လို့ မျှော်လင့်ရပါတယ်။

လက်ကိုင်ဖုန်းတစ်လုံးကို ၀ယ်ထားရပြီး တန်အောင် အသုံးချနိုင်ကြပါစေ။



withoutlovesitmin

No comments:

Post a Comment


I made this widget at MyFlashFetish.com.

Followers