Sunday, August 2, 2009

ကြက်ဥအတုတဲ.

ကြက်ဥအတုတဲ.
ကြက်ဥအတုများ မြန်မာနိုင်ငံအတွင်း ဝင်ရောက်

ထူးတာတွေထက်ဆန်းတာတွေချည်းတွေ.နေရတဲ.ခေတ်ကြီးပါလား...ရိုးရိုးသာမာန်ကြက်ဥ
ထက်ဒီလိုကြက်ဥအတုလုပ်ရတာပိုပြီးမကုန်ကျပေဘူးလား...
နားကိုမလည်နိုင်တော.ပါဘူးဗျာ...

မကောင်းတာအားလုံးနီးပါးရဲ.ဇစ်မြစ်ကတော.ပေါက်ဖော်ကြီးတို.နိုင်ငံပဲဖြစ်နေတာပါပဲ....
အားကိုးမှားမယ်ဆရာတို.ရေ....

မြန်မာနိုင်ငံတွင်းသို့ ကြက်ဥအတုများ နယ်စပ်မှ တဆင့် ဖြတ်ကျော် ဝင်ရောက်လျှက်ရှိကြောင်း မြန်မာ့ရုပ်မြင်က ယနေ့ ကြေညာသွားသည်။

ဓာတုဗေဒနှင့် ပြုလုပ်ထားသော ကြက်ဥအတုသည် အရောင်အားဖြင့် ပိုရင့်ပြီး အနှစ်နှင့် အကာတို့ ရောပြွမ်းနေသည်ဟု ယနေ့ည (၈) နာရီအချိန်က ကြေညာသွားသော နိုင်ငံပိုင် ရုပ်မြင်သံကြား သတင်းတွင် ပါရှိသည်။

လူကို အဟာရ မဖြစ်စေသော ကြက်ဥအတုကို တွေ့လျှင် အာဏာပိုင်များကို သတင်းပေးပို့ရန်လည်း ပါရှိသည်။

-------------------------------------------



ကြက်ဥအတုဆိုတာ ဘယ်လိုလဲ
ကြက်ဥအတုများမှာ အထူးသဖြင့် မွေးမြူရေးကြက်ဥများနှင့် ပုံသဏ္ဍာန်တူပြီး အပေါ်ယံကြည့်ရုံမျှဖြင့် ခွဲခြားမရနိုင်ကြောင်းနှင့် ထိုကြက်ဥအတုကို ဓာတုဗေးနည်းဖြင့် ပြုလုပ်ထားသည်။

ကြက်ဥအတု၏ အကာပိုင်းပြုလုပ်ရာတွင် ဘင်ဇိုရစ်အက်စစ်၊ ဂျယ်လီ၊ အမည်မသိဓာတုဆေးမှုန့်၊ ကော်ရည်ပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုသည့် ဓာတုပစ္စည်းများနှင့် မုန့်ဖုတ်ရာတွင် အသုံးပြုသော ဓာတုပေါင်ဒါများဖြင့် ရောစပ်ပြုလုပ်ထားသည်။

ကြက်ဥအတု၏ အနှစ်ပိုင်း ပြုလုပ်ရာတွင် အမည်မသိ အဝါရောင်ပေါင်ဒါမှုန့်အား အရည်တမျိုးဖြင့် သမအောင် မွှေကာ ကယ်လ်ဆီယမ်ကလိုရိုက်ဒ် ထည့်သွင်းဖျော်စပ်ထားသည့် Magic Water ခေါ် အရည်တမျိုးဖြင့် ရောစပ်ပြုလုပ်သည်။


ပိုင်းခြားပေးထား
အကာနှင့် အနှစ်ကို အဝိုင်းပုံသဏ္ဍာန်ရှိသည့် ပလတ်စတစ်ပုံသွင်းခွက်ထဲသို့ လောင်းထည့်ကာ ပုံသွင်းရကြောင်းနှင့် ကြက်ဥအကာနှင့် အနှစ်တို့အကြား ရောနှောသွားခြင်းမရှိစေရန် Magic Water က ပါးလွှာသော အမြှေးပါးအသွင်ဖြင့် ပိုင်းခြားပေးထားသည်။

ကြက်ဥအခွံကိုမူ ပါရာဖင်းဓာတ်ပါဝင်သော ဖယောင်းနှင့် အမည်မသိ အဖြူရောင် ဓာတုဆေးရည်တမျိုးတို့ ရောစပ်ပြုလုပ်ပြီး ၎င်းအရည်ကို အဝိုင်းပုံသဏ္ဍာန်ပြုလုပ်ထားသော ပလတ်စတစ်ပုံစံခွက်အတွင်း ထည့်ထားသည့် အနှစ်အတုနှင့် အကာအတုများပေါ်သို့လောင်းချ၍ အချိန်အနည်းငယ်ကြာအောင် အခြောက်ခံထားပါက ကြက်ဥအစစ်နှင့် ထပ်တူထပ်မျှ အသွင်သဏ္ဍာန်တူသော ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသည့် ကြက်ဥအတုကို ရရှိသည်။


သတိပြုဝယ်ယူစားသုံး
ကြက်ဥအတုတွင် လူကို အဟာရဖြစ်စေမည့် ပရိုတိန်း စသည့် ဓာတ်ပစ္စည်းများ ပါဝင်ခြင်း မရှိသည့်အပြင် ပါဝင်သော ဓာတုပစ္စည်းများကြောင့် ၎င်းအား စားသုံးပါက ကျန်းမာရေးထိခိုက်နိုင်သည်ဟု ဆေးပညာရှင်များက သတိပေးထားသည်။ ၎င်းကြက်ဥအတုများမှာ နယ်စပ်ဒေသများမှတဆင့် မြန်မာနိုင်ငံအတွင်းနှင့် နယ်စပ်ဒေသရှိ ဒေသဈေးကွက်အချို့သို့ ဝင်ရောက်နေသဖြင့် ပြည်သူများအနေဖြင့် သတိပြု ဝယ်ယူစားသုံးကြရန်လိုသည်။

ဝယ်ယူစားသုံးသူများအနေဖြင့် ကြက်ဥအတုနှင့် အစစ်ကို ခွဲခြားရန်မှာ ကြက်ဥအတုကိုကိုင်၍ ခပ်ပြင်းပြင်း လှုပ်ကြည့်ပါက အဆံချောင်နေသည်ကို တွေ့ရပြီး ကြက်ဥအစစ်ကိုကိုင်၍ ခပ်ပြင်းပြင်း လှုပ်ကြည့်ပါကမူ အဆံချောင်းခြင်း မရှိသည်ကို တွေ့ရသည်။ ကြက်ဥအတုနှင့် အစစ်ကိုယှဉ်၍ မှန်၊ ဇလုံ၊ ပန်းကန်တခုခုပေါ်တွင် တင်၍ လှည့်ကြည့်ပါက အတုက ဂျင်လည်သကဲ့သို့ မွှတ်နေအောင် လည်ပတ်နှုန်းမြန်ပြီး လည်ပတ်ချိန် ပိုကြာသည်။


အရောင်ပိုရင့်
ကြက်ဥအတုနှင့် အစစ်ကို ယှဉ်ကြည့်ပါက အတု၏အရောင်က ပိုရင့်ကြောင်းနှင့် အတု၏ အခွံသည် ဖယောင်းနှင့် ပြုလုပ်ထားခြင်း ဖြစ်သည့်အတွက် ပိုမိုအလင်းပြန်ကြောင်း တွေ့ရသည်။ ကြက်ဥများကို ပွတ်ကြည့်လျှင် အတု၏ အခွံမျက်နှာပြင်က ပို၍ကြမ်းကြောင်းနှင့် ကြက်ဥကိုခွဲ၍ ကြည့်မည်ဆိုပါက အတု၏ အနှစ်နှင့်အကာသည် သီးသန့်မနေဘဲ ရော၍သွားကြောင်း တွေ့ရပြန်သည်။ အတု၏အခွံ၌ အမြှေးမပါဘဲ အစစ်၌သာ အမြှေးပါသည်။ ပြုတ်လိုက်ပါကလည်း အတုသည် အစစ်ကဲ့သို့ အနှစ်နှင့်အကာ သီးခြားမနေဘဲ ရော၌သွားသည်။

ပေါက်ဖော်တွေ အတုလုပ်တဲ့နေရာမှာ စံဘဲဗျ၊ ဆန်အတုတဲ့ ဓာတ်ပုံထဲမှာတော့မြင်ဖူးတယ်။ နောက်တော့ တနှစ်ကလားဘဲ ပေါက်ဆီထဲမှာ အသားမထည့်ဘဲ ဘာဂျာကတ်ထူ စက္ကူကို ရေစိမ်ပြီး ဆားနဲ့ အချိုမှုန့်တွေရော အသားတုလုပ်ပြီး ပေါက်ဆီမှာထည့်တာ၊ ဖမ်းမိတဲ့ အချိန်မှာတော့ အဲဒီပေါက်ဆီက နာမည်တော်တော်ကြီးနေပြီး ရောင်းလည်း ကောင်းတယ်တဲ့၊ အဲဒါလည်း ပေါက်ဖော်တို့ နိုင်ငံမှာဘဲ။ အခုလာပြန်ပြီး ကြက်ဥအတုတဲ့၊ ဓာတ်ပုံ နဲ့ ဗီဒီယိုမှာ လုပ်ကိုင်နည်း နဲနဲပြထားတယ်ဗျ။ တွေ့ဖူးအောင် ကြည့်ကြပါအုန်း။


(မြန်မာ့အလင်းကို ကိုးကားသည်။)
မဇ္ဈိမ သတင်းဌာနမှတွေ.ရှိဖတ်မိ၍ထပ်ဆင်.တင်ပြပါသည်....

No comments:

Post a Comment


I made this widget at MyFlashFetish.com.

Followers