Sunday, August 2, 2009

Hiroshimaမှာဗုံးချခဲ့တဲ့ လေယာဉ်

ကြားဖူးသလား? သိပ်ပံ မဂဇင်းအဟောင်းတခုထဲကဖတ်ရတာပါ “ Hiroshima မှာဗုံးကြဲချခဲ့ တဲ့ လေယဉ်ဟာ တုန်ခါမှု ဒဏ်မှ ဘယ်လို လွတ်မြောက် ခဲ့သလဲ”။ "Hiroshima" ဆိုတာနဲ့ မှိုပွင့် လို ဗုံးရဲ့ အငွေ့ ကိုဘဲ မျက်စိမှာပြေးမြင်နေခဲ့တယ်။ ကျောင်းရဲ့ဖတ်စာအုပ်မှာ တွေဖူးခဲ့ တယ်။ အနုမြူဗုံးအကြောင်း တော့သိတယ်၊ ဗုံးကြဲခဲ့တဲ့ ပိုင်းလော့တွေ ရေဒီယိုသတ်တိကြွ လှိုင်းတွေ စွဲကပ်ခံ ရတာကိုလည်းဖတ်ဖူးခဲ့တယ်။ ဒါပေမယ့် ဗုံးသယ်တဲ့လေယာဉ် အ ကြောင်း တခါမှ မဖတ်ခဲ့ဖူးဘူး။ သတိလည်းမထားခဲ့ဖူးဘူး။ ညံ့ခဲ့တာတွေလေ၊ အခုတော့--




နာမည်က Enola Gay အမျိုးအစားက “B-29” တဲ့ ပုံက Hiroshimaမှာဗုံးချခဲ့တဲ့ လေယာဉ်ဘဲလေ။
Hiroshima မြို့ပေါ်ကို အဏုမြူဗုံးကြဲချခဲ့တဲ့ အီနိုလာဂေး ဆိုတဲ့ လေယာဉ်ကို မောင်းတဲ့ ပိုင်းလော့တွေဟာ ဗုံးကြဲချလို့ ပျံ့လွင့်သွားတဲ့ တုန်ခါမှုဟာ တနာရီ ကီလိုမီတာ 1200 နှုန်းနဲ့ ပျံ့သွားတာကိုသိတယ်။ စီစဉ်သူ သိပ်ပံ ပညာရှင်တွေ ကြိုတွက်ထားခဲကြတယ်။ ဗုံးပေါက်ကွဲ အချိန်မှာ လေယာဉ်ဟာ 14ကီလိုမီတာ အဝေးကို ရောက်နေပြီး လေယာဉ်ကို မထိအောင် ရှောင်ခဲ့ တာပဲဖြစ်တယ်။ စီမံချက်က ပေ 9500အမြင့် ကနေ ဗုံးကြဲချပြီး ချက်ခြင်းအမြန် လှည့်ပြန် ဖို့ပဲဖြစ်တယ်။ ဗုံးက ကီလိုဂရမ် 4000လေးတယ်။ ဗုံးကို လွတ်ချလိုက်တာနဲ့ လေယာဉ်ဟာ ချက်ချင်းပေါ့ပါးသွားတယ်။ ပိုင့်လော့က လေယာဉ်ကို 155ဒီဂရီ စောင်းပြီး မိုင်ကုန် မောင်းပြေးခဲ့တယ်။ ဗုံးပေါက်တဲ့ Hiroshima မြို့ပေါ် မီတာ550 အမြင့်မှာ ဗုံးပေါက် ချိန်မှာ လေယာဉ်ဟာ 15ကီလိုမီတာ အဝေးရောက်သွားပြီး။ ဗုံးဒဏ်ကြောင့် တုန်ခါလှိုင်း ဟာ လေယာဉ် နောက်ကနေ ဆောင့်တယ်။ ပြင်းထန်လွန်လို့ လေယာဉ်အဖွဲ့သား တွေက လေယာဉ်ကို လေယာဉ်ပစ် ဒုံးကျည်ထိမှန် ခံရပြီးလို့ ထင်ကြတယ်။ နောက်ထပ် ဒုတိယ အကြိမ် တုန်ခါမှု ဖြစ်ပြန်တယ်။ ပေါက်ကွဲမှု ကြောင့် ဖြစ်သွားတဲ့ တုန်ခါမှု ဒဏ်ဘဲဖြစ်တယ်။ လေယာဉ်ဟာ သွက်သွက်ခါတုန်လှုပ်သွားပေမယ့် မပျက်စီးပဲ ဘေးကင်းစွာ စခန်း ပြန် ရောက်ခဲ့တယ်။





No comments:

Post a Comment


I made this widget at MyFlashFetish.com.

Followers