Tuesday, August 25, 2009

တရုတ်မ များခြေထောက်သေးအောင် မစည်း ကြရန်

Print







တရုတ်ပြည်တွင် ရှေးအခါက အမျိုးသမီးငယ်များ အသက် ၆ နှစ်ထဲ ၀င်လာရင် မိခင်က အ၀တ်စဖြင့် သမီး၏ ခြေချောင်းများကို နေ.စဉ် ကောက်ညင်းထုပ်လို ထုပ်ပြီး စည်း ပေးကြပါတယ်။ နေ.စဉ်ပြန်ဖြေ ပေးပြီး တဖြည်းဖြည်း တင်းသည်ထက် တင်းအောင် စည်းပေးကြပါတယ်။ ကြာလာလျှင် ခြေချောင်းရိုးများ ကျိုးကာ ခြေဖ၀ါးအောက်မှာ ခေါက် နေသလို ဖြစ်သွားပါတယ်။ ဒါကြောင့် ထိုသူများဟာ မတ်တပ် ကြာကြာမရပ်နိုင်ကြတော့ပဲ အလွန်ဆုံး ရပ် နိုင်က ၁စက္ကန်. လောက်သာဖြစ်နိုင်သည်။

သမိုင်းကြောင်းကို ပြန်လှန်ကြည့်မယ်ဆိုရင် တရုတ်ပြည်တွင် ၉ရာစု က စတင်ပြီး ဘုရင်ရဲ. ကိုယ်လုပ်တော် အမျိုးသမီးဟာ သူမရဲ. ခြေထောက်ကို သေးအောင် စည်းထားခဲ့ပါတယ်။ ဘုရင့်သားတော် က သူမရဲ. ခြေထောက်သေးသေးကို အင်မတန် သဘောကျပြီး တော်ကောက် လိုက်ရာမှ ထိုဓလေ့ ကို စတင်ခေတ်စားလာခဲ့ ပါတယ်။ နောက်ပြီး ထိုခြေထောက်သေးများ က အမျိုးသား များ ဆွဲဆောင်နိုင်ကြောင်း တရုတ် ရှေး ကာမကျမ်းများ တွင် ဖော်ပြထားသည်ဟု သိရပါတယ်။ ဒါကြောင့် တခြား အမျိုးသမီးများက လိုက်အတုခိုးကြပါတော့တယ်။ မြန်မာပြည် အခေါ် တရုတ်ခြေသေးမ။ ထိုအမျိုးသမီးများဟာ အကူအညီမပါ ပဲ လမ်းကြာကြာ မလျှောက်နိုင်ပါဘူး။

လမ်းများများ မလျှောက်နိုင်သောကြောင့် ဒီလိုပြုလုပ်ခြင်းဖြင့် သူတို.ဟာ အိမ်အလုပ်များနှင့် ကလေးထိန်းခြင်းစသည်တို.ကို ကောင်းကောင်း အချိန်ပေးနိုင်ပြီး လုပ်ဆောင်နိုင်မယ်လို.လဲ ယူဆကြပါတယ်။ အိမ်နဲ. မီးဖိုချောင် အကူး လမ်းမလျှောက် နိုင်ရင် ထိုင်ရန် ထိုင်ခုံလေးများ ချထားလေ့ရှိကြပါတယ်။ ထိုင်ခုံ မရှိရင်လဲ သူတို.ဟာ လေးဖက်ထောက်၊ ဒူးထောက်ပြီး လိုရာ ကိုသွားကြပါတယ်။ သူတို.တွေ ဟာ အားလပ်တဲ့ အချိန်တွေမှာ သူ.တို.အတွက် ဖိနပ်ကို ကိုယ်ပိုင် ပြုလုပ်ရင်း အချိန်ကုန်လေ့ရှိပါတယ်။ ထိုပုံပန်းမကျသော ခြေထောက် အား အလှဆင်ခြင်း ကိုလည်း အနုပညာ တမျိုးလို. ယူဆခဲ့ကြပါတယ်။

ထူးဆန်းစွာနဲ. စိတ်မကောင်းစရာပါပဲ ခြေသေး မိခင်များက သူတို.ရဲ. သမီးများကို ခြေထောက် သေးအောင် အ၀တ်နဲ.စည်းဖို. စိတ်ထက်သန်ခဲ့ကြ ပြီး၊ ဆင်းရဲ တဲ့ မိဘများ ရဲ. အတွေးအခေါ်အရ သူတို.ရဲ.သမီးလေး ကို အနာဂတ်မှာ ကောင်းစား စေဖို. လမ်းဖွင့်ပေးခြင်း (သို.) ခြေထောက်သေး နေခြင်းဖြင့် ထိုအမျိုးသမီး၏ တန်ဖိုး ကို မြင့်တက်စေသည် ဟု၍လည်း ခံယူကြပါတယ်။

၁၉၁၁ ခုနှစ် တွင် ထို ကဲ့သို. ခြေထောက်သေးအောင် မစည်း ကြရန် ၀ရန်းထုတ် ထားခဲ့သော်လည်း တချို.တွေ မှာ လုပ်ရင်း တန်းလန်းများ နှင့် People Republic of China မထူထောင်ခင် ၁၉၄၉ ထိ ခိုးကြောင်ခိုးဝက် လုပ်နေကြတုန်းပါပဲ။ ဒါကြောင့် နောက်ဆုံး ခေတ် မှာ ခြေထောက်ကို စည်းခဲ့ကြသော ထိုခြေသေး တရုတ်မ များဟာ ယနေ.ခေတ် တွင် အသက် ၅၀ ကျော် များဖြစ်နေကြပြီး ထိုသေးငယ်သော ခြေထောက်များကြောင့် သူ.တို. လမ်းကောင်းကောင်း မလျှောက်နိုင်ကြတော့ ပါဘူး။


Written by Sai Tun   

No comments:

Post a Comment


I made this widget at MyFlashFetish.com.

Followers