Tuesday, August 25, 2009

Gmail Invisible လုပ်နည်းနှင့် offline အစစ်လား offline အတုလား သိချင်ရင်

Invisible လုပ်ထားနည်း(Gtalk ကိုပိတ်ပြီး Gmail ထဲမှချက်တဲ့အချိန်)
ဒါကတော့ရှင်းပါတယ်....Gmail ကိုဖွင့်လိုက်ပါ...ပုံမှာပြထားတဲ့အတိုင်း custom message ဘေးမှ Down arrow လေးကို နှိပ်လိုက်ပါ။
ကျလာတဲ့ box ထဲမှ Invisible ကို Click ပါ။မိမိကသာ တစ်ခြားသူများကို Online / Offline မြင်နိုင်ပြီး။တစ်ခြားသူအနေနဲ့ မိမိကို
Offline အနေနဲ့သာတွေ့မြင်ရမှာဖြစ်ပါတယ်....

တကယ်လို့ gtalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ အဲ့ဒီ့လူ တကယ် offline ဖြစ်မဖြစ်ကို သိချင်တယ် Invisible လုပ်ထားတာလားဆိုတာကို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါဗျာ။

(၁) google talk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။
(၂) send voicemail ရယ် call ရယ် စတဲ့ ခလုပ်တွေဘေးနားက အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။ go off the record ကို နှိပ်ပါ။
(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။ ဥပမာ… hi လို့ ရိုက်ပြီး ချက်ကြည့်ပါ။
(၄) monkey@gmail.com is offline and can’t receive messages right now. လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။
တကယ်လို့ ဘာမှ မပေါ်လာရင် သူ invisible လုပ်ထားတာပါ။
(၅) စစ်ပြီးသွားရင် “stop chatting off the record” ကို ပြန်နှိပ်ပေးပါ။
သို့မှသာ နောက်ပိုင်း သူနဲ့ ချက်ရင် gmail မှာ သူနဲ့ နောက်ပိုင်း ချက်တာတွေကို chat history မှာ ဂျီမေးလ်ကနေ ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။
မသိသေးတဲ့သူငယ်ချင်းများအတွက်သာ......

No comments:

Post a Comment


I made this widget at MyFlashFetish.com.

Followers